ငွေကြေးဝန်ဆောင်မှုပေးနိုင်ရန် MPU နှင့် Master Card ဆွေးနွေး

13081804_1136480829709399_320826700_n

မြန်မာငွေပေးချေရေး ၀န်ဆောင်မှုအဖွဲ့ (MPU)သည် အမေရိကန်အခြေစိုက် Master Card ကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်း၌ ငွေကြေး ၀န်ဆောင်မှုပေးရန် ဆွေးနွေးေ နကြောင်း သတင်းရရှိသည်။ MPU နှင့် Master Card တို့ အကြား စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါက Master Card ကိုင်ဆောင်ထား သူများသည် ပြည်တွင်း ATM စက် အားလုံးတွင် ငွေထုတ်ခြင်း၊ MPU ကတ်လက်ခံသည့်နေရာများတွင် ဈေးရောင်းဈေးဝယ်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း မြန်မာငွေပေးချေရေးဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။ ‘‘Master နဲ့ စကားပြောနေတယ်။ ဆွေးနွေးနေတုန်းပေါ့။ လောလောဆယ်တော့ Master Card က ပြည်တွင်းဘဏ် တစ်ခုချင်းစီနဲ့ စာချုပ်ချုပ်ဆိုထား တာတော့ရှိတယ်။ အခုက MPU နဲ့ စာချုပ်ချုပ်ဖို့ လုပ်နေတာပေါ့’’ဟု ဦးမြသန်းက ဆိုသည်။ Master Card ကုမ္ပဏီသည် ပြည်တွင်း၌ပုဂ္ဂလိကဘဏ်အချို့နှင့် အကျိုးတူစာချုပ် ချုပ်ဆိုထားပြီး ပြည်တွင်းဘဏ် ၂၃ ခုဖြင့် ဖွဲ့စည်းထားသော MPUနှင့် ယခုနှစ်အတွင်း ပူးပေါင်းရန် ပြင်ဆင်နေသည်။ MPU သည် နိုင်ငံတကာငွေ ကြေးဝန်ဆောင်မှု အဖွဲ့အစည်း များဖြစ်သော တရုတ်နိုင်င အခြေစိုက် Union Pay International နှင့်ဂျပန်အခြေစိုက် JCBI တို့နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေပြီး ကိုရီးယားအခြေစိုက် KEB Hana Card ကုမ္ပဏီနှင့်လည်း MoU စာချုပ်လက်မှတ်ရေးထိုးထားသည်။ လက်ရှိ တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ MPU ကတ်အရေ အတွက် ၁ဒသမ၈ သန်းခန့်ထုတ်လုပ်ထားပြီး MPUကတ်ဖြင့် ငွေကြေးထုတ်ယူနိုင်သည့် ATM စက်နှစ်ထောင်ခန့်ရှိသည်။


Leave a Reply