ချယ်လ်ဆီးကို စပါးအသင်း သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်စတာအသင်း ပွဲမကုန်မီ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့

13164267_1711474499105434_376238941236088012_n

စပါးအသင်းသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်ကျန်(၂)ပွဲအလိုတွင် လက်စတာအသင်းနှင့် (၇)မှတ်ကွာဟကာ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရသည်။

 

စပါးအသင်းသည် (၃၅)မိနစ်တွင် ဟာရီကိန်း၊ (၄၄)မိနစ်တွင် ဆွန်ဟောင်မင်တို့၏ဂိုးများဖြင့် ပထမပိုင်းတွင် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းအတွက် (၅၈)မိနစ်တွင် ကာဟေးလ်၊ (၈၃)မိနစ်တွင် ဟာဇက်တို့က ချေပ ဂိုးများ ပြန်လည်သွင်းယူခဲ့သည့်အတွက် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် လက်စတာအသင်းက မန်ယူ၊ ဘလက်ဘန်း၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့၏နောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်သည့် ဆဋ္ဌမမြောက်အသင်း ဖြစ်လာခဲ့သည်။

 

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့် ချယ်လ်ဆီး-စပါး ပွဲစဉ်ကို လက်စတာကစားသမားများက တိုက်စစ်မှူး ဗာဒီ၏ နေအိမ်တွင် စုဝေးကြည့်ရှုခဲ့ကြသလို၊ လက်စတာပရိသတ်များကလည်း စောင့်ကြည့်ခဲ့ကြပြီး ပွဲအပြီးတွင် အောင်ပွဲ ခံခဲ့ကြကြောင်းလည်း သိရှိရသည်။


Leave a Reply