သူငယ်တန်းပညာရေးအခမဲ့သင်ကြားမည်ဖြစ်ပြီး ၀တ်စုံတစ်စုံအခမဲ့ပေးဝေမည်

13081804_1136480829709399_320826700_n

သူငယ်တန်းပညာရေး (KG)ကို စတင်သင်ကြားမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဉာဏ်ရည်နှင့် အားကစားနည်း များဖြင့် သင်ကြားမည်ဖြစ်၍ ကျောင်းသားများ အား ကျောင်း ၀တ်စုံတစ်စုံစီ အခမဲ့ပေးဝေမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မေလ ၁ ရက်က ပြုလုပ်သည့် ပညာရေး နှင့်ဆက်နွှယ် ကိစ္စရပ်များ ရှင်း လင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။ လာမည့် ပညာသင်နှစ်တွင် မူလတန်းများအား ပြဋ္ဌာန်းစာအုပ်၊ ကျောင်းသုံးဗလာ စာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံများ၊ အလယ်တန်းနှင့် အထက်တန်းများအား ပြဋ္ဌာန်းစာအုပ်များ အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ကျောင်းအပ်နှံ သည့် ရာသီတွင် လာဘ်ပေးလာဘ်ယူမှုမရှိဘဲ ကျောင်းသူ၊ကျောင်းသား များအား တစ်ပြေးညီကျောင်းအပ်လက်ခံဆောင်ရွက်ပေးရန်နှင့် အသက် (၁၀)နှစ် ပြည့်ပြီး သည့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားကတ်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ပေးရန် ပြောကြားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ အခြေခံပညာ ကျောင်းများ တွင် ကျောင်းအပ်နှံရေးရာသီကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ နှစ်စဉ် သတ်မှတ်ထားပြီး ကျောင်း အပ်နှံရေး ဆောင်ရွက်ချိန်အပါ အ၀င် မည်သည့်အချိန်တွင်မဆို ကျောင်းသားနှင့် ၎င်းတို့၏ မိဘ များထံမှ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်းမပြုရန် ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထား သည်။ ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးစနစ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်နှံရာ၌ ငွေကြေးပေးသွင်းရန် မလိုကြောင်း သတင်းရရှိသည်။


Leave a Reply