မန်ယူက ခေါ်ယူဖို့ သေချာနေတဲ့ ဆန်ချက်ဇ်

13100878_1702507263323108_1695629194705264448_n

ဘင်ဖီကာမှ ဆယ်ကျော်သက် လူငယ်ကွင်းလယ်ကစား ရေနာဒိုဆန်ချက်ဇ်ကို မန်ယူက ပေါင် ၄၆ သန်းနဲ့ ခေါ်ယူဖို့ သေချာနေတယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကွင်းလယ်ကစားသမား ဆန်ချက်ဇ်ကို ဇန်နဝါရီလကတည်းက မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါ တယ်။ ဆန်ချက်ဇ်ကို ဘင်ဖီကာက ၂ဝ၂၁ ခုနှစ်အထိ စာချုပ်ထားပါတယ်။ ဆန်ချက်ဇ် အတွက် ဘင်ဖီကာက ပေါင်သန်း ၆ဝ အထိရဖို့ မျှော်လင့်နေတာပါ။

မန်ယူကတော့ ပေါင် ၄၆ သန်းအထိသာ အမြင့်ဆုံးပေးနိုင်ဖွယ် ရှိနေပါတယ်။ ဆန်ချက်ဇ်ဟာ ပေါ်တူဂီကစားသမားဖြစ်ပြီး နာမည်ကြီး စီရော်နယ်ဒိုနဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။ ဆန်ချက်ဇ်ဟာ ယခုနှစ် စပိန်လိဂ်မှာ ၂၂ ပွဲ ပါဝင်ကစားပြီး နှစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး အော်ဘာဖီရန်းကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ လာမယ့်ရာသီမှာ မန်ယူအတွက် ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး အလိုရှိနေတာပါ။ နည်းပြ ဗန်ဟားလ်အနေနဲ့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေ နိုင်ဖို့ လိုအပ်နေတာဖြစ်တယ်။


Leave a Reply