ဟုမ္မလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

 

ဟုမ္မလင်း ဇူလိုင် ၁၁

ကိုရီးယားသို့ဆေးကုသွားရန်ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီကူညီပေး

 

ပျဉ်းမနား ဇူလိုင် ၁၁

ပျဉ်းမနားမြို့နယ်ရန်အောင်(၁) ရပ်ကွက်ဘိုကုန်းရပ်နေ ဒေါ်ဝင်း မာအောင်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်Globel Hope လူမှုကူညီရေးအဖွဲ့မှ ကိုယ် စားလှယ်ဦးဘုန်းမြတ်(Mr. Lee, Jae Hee) တို့ ရောက်ရှိလာပြီး ဒေါ်ဝင်းမာအောင်၏သမီးဖြစ်သူ မသီရိစံ၏ ခြေထောက်တံကောက် ကွေးရှိ မီးလောင်ဒဏ်ရာများကို ကိုရီးယားနိုင်ငံတွင် သွားရောက် ခွဲစိတ်ဆေးကုသမှုခံယူရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် စတင်ကျင်းပခဲ့ပြီး ယင်း အခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်း၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာမောင်သင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေါ်နန်းနီနီအေး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့ တက်ရောက် ခဲ့ကြသည်။

ပုသိမ်မြို့နယ် ၀က်ကြီးကွင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ် ပြန်လည်တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပ

 

11-7-2018 ရက်နေ့ ပုသိမ်မြို့နယ် ဝက်ကြီးကွင်းကျေးရွာတွင် ပါတီဆိုင်းဘုတ်အသစ်ပြန်လည် တင်ခြင်းနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ ပုသိမ်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းဇော် ကော်မတီဝင် တိုက်နယ်တာဝန်ခံ ဦးစိုးလွင် သတင်းမီဒီယာတာဝန်ခံ ဦးအောင်စိုးဦး၊ ဒေါ်လေးလေးနွယ်တို့ တက်ရောက်ခဲ့ပြီး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အဖွဲ့ဝင်များ (60) ဦးတက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်တိုက်နယ်တာဝန်ခံတို့မှ Eco မီးဖိုသုံးစွဲမှုအကြောင်း၊ ၂၀၁၇ – ၂၀၁၈ပညာသင်နှစ် ထူးချွန်ကျောင်းသား/သူများ ဆုချီးမြင့်မည့် အစီအစဉ်များ တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲသို့ တက်ရောက်ရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဒေသခံပါတီဝင်များမှ လည်း အားတက်သရော ထောက်ခံအားပေးခဲ့ပီး ၂၀၂၀ အောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပါမည်ဟု ပြောကြားခဲ့ပါသည်။

(၂၀၁၈)ဗဟိုပါတီလူငယ်ညီလာခံ အတွေ့ အကြုံရှင်းလင်း ပွဲအခမ်းအနား ကျင်းပ ဇူလှိုင်-၁၁

 

 

ပုဗ္ဗသီရိမြို့ နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ လူငယ်အတွေ့ အကြုံရှင်းလင်းပွဲအား(၁၁.၇.၂၀၁၈) ရက်နေ့ နံနက်(၉)နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ လက်ရှိနိုင်ငံရေးအခြေအနေများ ညှိနှိုင်းဆွေးနွေး

 

၁၁.၇.၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ တောင်ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ကော်မတီဝင် ဒေါ်အေးအေးမြင့် တို့သည် မြို့နယ်ပါတီကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပြည်သူအထောက်ကူပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းသို့ သင်တနိးပို့ချမှုဆောင်ရွ

 

၁၁-၇-၂၀၁၈ ရက်နေ့၊နံနက် (၀၈း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ၊ ရှမ်ပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ.ပါတီဌာနချုပ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ် (၅) သို့ ရောက်ရှိပြီး ” ပါတီများ၏ နိုင်ငံရေးသဘောတရားနှင့်လုပ်ငန်းစဉ်များ” ကို သင်တန်း (၄) ချိန်ရယူပြီး ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဗဟိုအလုပ်အမှုဆောင်.ဦးစိုးနိုင်၏ပို့ချချက်များနှင့်ပတ်သက်ပြီးသင်တန်းတက်ရောက်လာသော တိုင်းနယ်ပြည်နယ်အသီးသီးက သင်တန်းသားတစ်ဦးစီမှ မိမိဒေသရှိနိုင်ငံရေးပါတီများ (မိမိပြိုင်ဘက်ပါတီများ) ၏ ဖွဲ့စည်း၊ စည်းရုံး၊ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
သင်တန်းသို့.တိုင်းနယ်ပြည်နယ်အသီးသီးမှ သင်တန်းသား/သူ (၁၂၆) ဦးတက်ရောက်ခဲ့ပြီး ရှမ်း (အရှေ့) မှ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းတုံမြို့နယ်မှ သင်တန်းသား (၄) ဦး တက်ရောက်ခဲ့ကြောင်းသိရှိ ရ ပါသည်။

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေး

 

နတ်မောက် ဇူလိုင် ၁ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

မအူပင် ဇူလိုင် ၁ဝ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှကြီးမှူးကျင်းပသည့် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ ထိ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးအစည်အဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် မင်းရွာကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မင်းဘူး(စကု)၊ ဇူလိုင်​ ၊ ၁၀

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူး(စကု) မြို့နယ်​ မင်းရွာ​​ကျေးရွာအုပ်​စု၌ ယ​နေ့ ကျင်းပပြုလုပ်​သည့် ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲနှင့် ပါတီဝင်​ကဒ်​​ပေးအပ်​ပွဲအခမ်းအနားသို့ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌ 
ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်နှင့် တိုင်းပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​ပါတီ‌အတွင်း​ရေးမှူး ဦးစိန်​​ရွှေမင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးမြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်နင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။