ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းသို့ သင်တနိးပို့ချမှုဆောင်ရွ

 

၁၁-၇-၂၀၁၈ ရက်နေ့၊နံနက် (၀၈း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပါတီလုပ်ငန်းစီစစ်ရေးကော်မတီဥက္ကဌ၊ ရှမ်ပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ.ပါတီဌာနချုပ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ် (၅) သို့ ရောက်ရှိပြီး ” ပါတီများ၏ နိုင်ငံရေးသဘောတရားနှင့်လုပ်ငန်းစဉ်များ” ကို သင်တန်း (၄) ချိန်ရယူပြီး ပို့ချခဲ့ပါသည်။
သင်တန်းတွင် ဗဟိုအလုပ်အမှုဆောင်.ဦးစိုးနိုင်၏ပို့ချချက်များနှင့်ပတ်သက်ပြီးသင်တန်းတက်ရောက်လာသော တိုင်းနယ်ပြည်နယ်အသီးသီးက သင်တန်းသားတစ်ဦးစီမှ မိမိဒေသရှိနိုင်ငံရေးပါတီများ (မိမိပြိုင်ဘက်ပါတီများ) ၏ ဖွဲ့စည်း၊ စည်းရုံး၊ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
သင်တန်းသို့.တိုင်းနယ်ပြည်နယ်အသီးသီးမှ သင်တန်းသား/သူ (၁၂၆) ဦးတက်ရောက်ခဲ့ပြီး ရှမ်း (အရှေ့) မှ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ မိုင်းတုံမြို့နယ်မှ သင်တန်းသား (၄) ဦး တက်ရောက်ခဲ့ကြောင်းသိရှိ ရ ပါသည်။

Crd;