ကိုရီးယားသို့ဆေးကုသွားရန်ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီကူညီပေး

 

ပျဉ်းမနား ဇူလိုင် ၁၁

ပျဉ်းမနားမြို့နယ်ရန်အောင်(၁) ရပ်ကွက်ဘိုကုန်းရပ်နေ ဒေါ်ဝင်း မာအောင်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်Globel Hope လူမှုကူညီရေးအဖွဲ့မှ ကိုယ် စားလှယ်ဦးဘုန်းမြတ်(Mr. Lee, Jae Hee) တို့ ရောက်ရှိလာပြီး ဒေါ်ဝင်းမာအောင်၏သမီးဖြစ်သူ မသီရိစံ၏ ခြေထောက်တံကောက် ကွေးရှိ မီးလောင်ဒဏ်ရာများကို ကိုရီးယားနိုင်ငံတွင် သွားရောက် ခွဲစိတ်ဆေးကုသမှုခံယူရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီသည်Globle Hope မှ ကိုယ်စား လှယ် ဦးဘုန်းမြတ်နှင့်ဆက်သွယ်၍ မသီ ရိစံ၏ မီးလောင်ဒဏ်ရာများ ဆေး ဝါးကုသနိုင်ရေး ဆောင်ရွက်ရာ ဦးဘုန်းမြတ်က ကိုရီးယားနိုင်ငံIncheon City ရှိSERIM Hospitalတွင် ခွဲစိတ်ဆေးဝါးကုသမှု ရနိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ သြဂုတ် ၁ ရက်တွင် ရန်ကုန် လေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး သြဂုတ် ၃ ရက်တွင် ခွဲစိတ်ကုသမှု စတင် ဆောင်ရွက်ကာ ရက်သတ္တသုံး ပတ်မျှ ဆေးကုသမည်ဖြစ်ကြောင်း၊ ဆေးကုသစရိတ်များကိုERIM Hospital က တာဝန်ယူကုသပေး မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောငါးနှစ်ခန့်က ဖခင် ကွယ်လွန်ပြီး ရက် ၂ဝ အကြာ ဆောင်းတွင်းကာလ၌ မီးလှုံရာမှ မတော်တဆ ခြေထောက်မီးလောင် ခံရသဖြင့် ခြေထောက်တံကောက် ကွေးအကြောနေရာများ ပျက်စီး သွားသဖြင့် လမ်းကောင်းစွာ မလျှောက်နိုင်ဖြစ်နေသော အထက (၂)ပျဉ်းမနားမှ အသက်(၁၃)နှစ် အရွယ်ကိုးတန်းကျောင်းသူ မသီရိစံ မှာသားသမီးခြောက်ဦးတွင်စတုတ္ထ မြောက်သမီးဖြစ်သည်။”တစ်သက် လုံး ဆေးကုသမပေးနိုင်တော့ဘူး လို့ ထင်နေတာပါ။ အခုလို ပြည် ခိုင်ဖြိုးပါတီက ကူညီဆောင်ရွက် ပေးတော့ အရမ်းဝမ်းသာပါတယ်။ ကလေးမလေး ကိုရီးယားမှာ ဆေး သွားကုသမှုခံယူရန်အတွက် ယုံ ကြည်ပါတယ်။တစ်ယောက်တည်း သွားရမှာဖြစ်ပေမယ့် စိတ်ချပါ တယ်။ကျေးဇူးလည်းတင်ပါတယ်” ဟု ကလေးမိခင်က ပြောသည်။
ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဒေါ်ဝင်းဝင်းသီထံက ပြည်သူ များအတွက် တတ်နိုင်သည့်ဘက် မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုးပါတီက အမြဲအသင့်ရှိ နေကြောင်း ပြောကြားသည်။

ပေါ်ဦး(နေပြည်တော်)