(၂၀၁၈)ဗဟိုပါတီလူငယ်ညီလာခံ အတွေ့ အကြုံရှင်းလင်း ပွဲအခမ်းအနား ကျင်းပ ဇူလှိုင်-၁၁

 

 

ပုဗ္ဗသီရိမြို့ နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ လူငယ်အတွေ့ အကြုံရှင်းလင်းပွဲအား(၁၁.၇.၂၀၁၈) ရက်နေ့ နံနက်(၉)နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။


ရှေးဦးစွာ တက်ရောက်လာသူအားလုံးက နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုကာနိုင်ငံတော်အလံအား အလေးပြုခဲ့ ကြပြီး အခမ်းအနားအား စတင်ကျင်းပရာပြည်ထောင်စုနယ်မြေအတွင်းရေးမှုးဦးဌေးဝင်းမှ အဖွင့်အမှာ စကားပြောကြား၍ မြို့ နယ်ပါတီဥက္ကဌဦးမြင့်ကြိုင်က လူငယ်နှင့်ပတ်သက်သော အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ ပါသည်။


ထို့ နောက် လူငယ်များမှ အချင်းချင်းပိုမိုချစ်ခင်မှု့ ရရှိစေရန်အတွက် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မိတ်ဆက်ခဲ ကြပြီး မြို့ နယ်လူငယ်တာဝန်ခံဦးတင့်လွင်မှ(၂၀၁၈)ဗဟိုပါတီလူငယ်ညီလာခံ အတွေ့ အကြုံနှင့် မန္တလေးတိုင်းဒေသကြီး လေ့လာရေးခရီးစဉ်တွင်လူငယ်များ အပြန်အလှန်ဆွေးနွေးခဲ့ ကြသည့် အတွေ့ အကြုံများအား ရှင်းလင်းတင်ပြခဲ့ ပါသည်။ဆက်လက်၍ဦးမျိုးမင်းဦး(လူငယ်)မှလူငယ်နှင့်နိုင်ငံရေးခေါင်းစဉ်ဖြင့်လည်းကောင်း/ ဒေါ်ခိုင်ခိုင်ထွေး(လူငယ်)ကမန္တလေးတိုင်းဒေသကြီး လူငယ်အတွေ့ အကြုံများကို ရှင်းလင်းတင်ပြခဲ့ ပြီး မြို့ နယ်လူငယ်အဖွဲ့ များမှအသီးသီး ဆွေးနွေးခဲ့ ကြကာ ခရိုင်ပါတီဥက္ကဌဦးအောင်နိုင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို နံနက် ၁၀နာရီခွဲအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။


ယနေ့ လူငယ်အခမ်းအနားသို့  ပြည်ထောင်စုနယ်မြေအတွင်းရေးမှုးဦးဌေးဝင်းနှင့် ခရိုင်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး-ခရိုင်ကော်တီဝင်(နယ်မြေတာဝန်ခံ)ဦးတင်ဆန်း-မြို့ နယ်ပါတီဥက္ကဌဦးမြင့်ကြိုင်နှင့်ကော်မတီဝင်များ ရပ်ကျေးပါတီအဖွဲ့ များ လူငယ်ခေါင်းဆောင်အဖွဲ့ များ စုစုပေါင်းအင်အား(၅၀)ဦးတက်ရောက်ခဲ့ ကြပါသည်။

ကိုမင်းသူ(ပါတီဝင်တစ်ဦး)