မသန့်ရှင်းသော လေကို ရှူရှိုက်မိသူများ ကျောက်ကပ်ပျက်စီးနိုင်

လေထုညစ်ညမ်းခြင်းကြောင့် ပြင်းထန်သော ကျောက်ကပ်ရောဂါ ဖြစ်နိုင်ပြီး ယင်းမှနေ၍ ကျောက်ကပ် ပျက်စီးခြင်းသို့ ဦးတည်နိုင်ကြောင်း လေ့လာမှုတစ်ရပ်က သတိပေးထားသည်။

အပြင်ဘက်ရှိ ညစ်ညမ်းသောလေထုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကျပ် ရောဂါနှင့် ပြင်းထန်သော အဆုတ်လမ်းကြောင်းပိတ်ဆို့မှုရောဂါတို့ကဲ့သို့ ကြီးမားသော ကျန်းမာရေးပြဿနာ များ ဖြစ်ပွားနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန် ရှိသင့်သော အလေးချိန်ထက် ပိုများနေပါက ဆီးချိုရောဂါဖြစ်ပွားနိုင်

ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီးများသည် ၎င်းတို့၏ အရပ်အမြင့်ပေါ် မူတည်၍ ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေပါက ကိုယ်ဝန်ဆောင်မှုနှင့်ဆိုင်သော ဆီးချိုရောဂါဖြစ်ပွား နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးအချိန် မြင့်တက်ရန် လိုအပ်မှုသည် ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အပေါ် မူတည်သည်။

အသက်ရှည်စေဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

နေ့စဉ် လက်ဖက်စိမ်းရည်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည် နေနိုင်စေမယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓာတ်ပေါင်းတွေဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် ပဲဖြစ်ပါတယ်။

မျက်နှာအသားအရေလေး ကြည်လင်စိုပြေနေစေဖို့ ဆန်မှုန့်ကို ဒီလိုသုံးမယ်

အသားအရေဖြူဝင်း ကြည်လင်စေဖို့အတွက် လူတိုင်းလိုလို ကြိုးစားကြပါတယ်။ ဆန်ဟာ ကျွန်မတို့ ခန္တာကိုယ်အတွက် အဟာရအပြည့်ပေးနိုင်ရုံသာမက အလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆန်းဆေးရည်ကို ဆံကေသာသန်စွမ်းဖို့ အသုံးပြုကြသလို မျက်နှာအလှအတွက်လည်းသုံးကြပါတယ်။ ဒီတစ်ခါမှာတော့ ဆန့်မှုန့်ကို အသုံးပြုတဲ့နည်းလမ်းကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ဆန်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း (ဆန်ကို နာရီဝက် ၁ နာရီလောက်ရေစိမ်ထားပြီး အမှုန့်ကြိတ်ပါ (သို့) ထောင်းပါ)

ပန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။ ပန်းသီးကိုတနေ့တစ်လုံးစားပြီး ဆရာဝန်ဆီမသွားဘဲနေကြမယ်တဲ့။ သံသယ ဖြစ်စရာမရှိပါဘူး။ ပန်းသီးမှာ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ နေ့စဉ်စားသုံးပေး သင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

Antioxidant ဓါတ်တိုးဆန့်ကျင်ပစ္စည်း အသီးအနှံတော်တော်များများမှာ အကြမ်းမျည်းအားဖြင့်တော့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမဲ့ ပန်းသီးမှာတော့ အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ် ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပါတယ်။ ဒါ့ကြောင့်ရောဂါအမျိုးမျိုး အလွယ်တကူ ၀င်ရောက်တာ ကနေကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးကို မနက်ပိုင်း (သို့) ညဖက်အိပ်ယာမ၀င်ခင်မှာ ပုံမှန်စားပေးသင့် ပါတယ်။ အ၀လွန်စေတဲ့ အသင့်စားစာပြေအစားအစာ အစားပန်းသီးကို စားပေးသင့်ပါတယ်။

နာနတ်သီး အခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း

နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြပေမယ့် အခွံတွေကိုတော့ အမှိုက်အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေးကောင်းကျိုး တွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရအောင် ဖော်ပြလိုက်ပါတယ်။

နနွင်းနဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ

နနွင်းနဲ့ သံပုယိုရည်ဟာ သင့်အတွက် ဆေးတစ်ခွက်လိုပါပဲ။ သင့်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပြီး အ၀လွန်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာ တာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးဝမ်းမှန်စေ ပါတယ်။

နာနတ်သီး အခွံတွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း

 

နာနတ်သီးဆိုရင် အသားဝါ ဝါလေးတွေကိုသာ စားလေ့ရှိကြ ပေမယ့် အခွံတွေကိုတော့ အမှိုက် အဖြစ်သာ စွန့်ပစ်လေ့ရှိကြပါတယ်။ နာနတ်သီးအခွံမှာလည်း  ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေတာမို့ အမှိုက်မဟုတ်တဲ့ အကြောင်းရင်းလေး သိထားရ အောင် ဖော်ပြလိုက်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်

ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာဟာ မိမိကိုယ်ကိုယ် ဆေးလိပ်ဖြတ်ဖို့လိုပြီလို့ ပြောရင်း ဆေးလိပ်မဖြတ်နိုင် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆေးလိပ်လျှော့သောက်သင့်ပြီဆိုတဲ့ အတွေးနဲ့ပဲ ရပ်တန့်ပစ်လိုက်မိကြပါတယ်။ တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။

ဆေးလိပ်ဖြတ်ဖို့အတွက် ပရိုဂရမ်တွေ၊ အထောက်အကူပစ္စည်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်အရ ဆေးလိပ်ဖြတ်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ အတွက် နည်းနည်းပြေးလွှားပေးဖို့တော့ လိုအပ်ပါတယ်။

ရှောက်ရွက်ရဲ့ အသုံးဝင်ပုံ

ရှောက်ရွက်နုလေးတွေ ဈေးထဲမြင်ရင် တို့စရာ အဖြစ် စားချင်စိတ်ကို ထိန်းမရအောင်ပါပဲ။ ရှောက်ရွက်ဟာ အနံ့ သင်းလှပါတယ်။ အရသာမှာ အနည်းငယ်ခါးပြီး ပူရှိန်းရှိန်း ဖြစ်ပါတယ်။ ရှောက်ရွက်ဟာ ဒီလို မိုးတွင်း ကာလတွေမှာတော့ ပိုပြီး လတ်ဆတ်ပါတယ်။