အခွန်ထမ်း ၁၀၀၀ ကို ထပ်မံ ရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်ဖြင့် ကောက်ခံမည်

အခွန်ဒုတိယ အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်း ၁၀၀၀ ကို ထပ်မံရွေးထုတ်၍ ကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self -Assessment System – SAS) ဖြင့် ကောက်ခံနိုင်ရန် လုပ်ဆောင် နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ (more…)


ရပ်ကွက်တစ်ခုတွင် ခြောက်လနှင့်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ရမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်တစ်ခုတည်းတွင် ခြောက်လနှင့်အထက် နေထိုင်သူများကို အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။ (more…)


ငါးနှစ်ဆက်တိုက် နှစ်လဲမော်တော်ယာဉ် သက်တမ်းမတိုးသည့် ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းမည်

ငါးနှစ်ဆက်တိုက်နှစ်လဲ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းမရှိသည့် ယာဉ်များကို မော်တော်ယာဉ် ဥပဒေအရ မှတ်ပုံ တင်ဖျက်သိမ်းမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

(more…)


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ Social Media On Job Training သင်တန်းဖွင့်လှစ်

13445537_394789384029528_2976094495300095923_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် Social Media On Job Training သင်တန်းကို ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဇွန် (၁၁) ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။ (more…)


အထက ကာမိုင်းသို့ ဘင်ခရာပစ္စည်းများ လှူဒါန်း

13412999_255357541506642_2809791640539710874_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီမှ တန်ဘိုးအားဖြင့် ကျပ်(၈)သိန်းရှိ ဘင်ခရာ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ (ဇွန်လ ၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် အဆိုပါကျောင်းရှိ မြစိမ်းရောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သာသနာ့ရောင်ခြည် (နွေ) ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားတက်ရောက်

wed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၇ ရက် ညနေ ၅နာရီတွင် ပြုလုပ်သည့် ဟင်္သာတမြို့ ကြည့် ကန်ကျောင်းလမ်း သာသနာ့ရောင် ခြည်(နွေ)ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်း သိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ဖွဲ့စည်းရေးကျင်းပပြုလုပ်

Thi Paw Thi Paw5

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြိုနယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ဇွန်လ (၁၁) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ပါသည်။ (more…)


နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

Nan Ma Tu3 Nan Ma Tu4

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၂) ရက်က နမ္မတူမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို ကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး စည်းရုံးရေး မှူးများ တက်ရောက်ခဲ့ကြသည်။ (more…)


တာချီလိတ်မြို့နယ် ကျေးရွာအုပ်စု ပါတီမျက်နှာစုံညီအစည်းအဝေးများ ကွင်းဆင်းဆောင်ရွက်

Mine92 Mine93

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းကိုး ကျေးရွာအုပ်စု နှင့် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုတို့တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီ အဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာချီလိတ်မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးချမ်းမြ၊ ဦးကျဒေါလော်၊ ဦးဝေယံဦး၊ ဦးစိုင်း ခင်မောင်လှိုင်၊ ဦးအောင်ဝင်း၊ ဦးစိုင်းလုံ၊ မြို့နယ် (အရံ) ပါတီကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးခင်မောင်လွင်၊ စည်းရုံးရေးမှူး ဦးဘိုမောင်၊ ဒေါ်နန်းကေဇင် လှိုင်တို့မှ ဇွန်လ (၁၂) ရက် နံနက်(၉)နာရီတွင် မိုင်းကိုးသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

DIPD မှ ဖွင့်လှစ်သော မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်းသို့ ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းသား (၄ဝ) တက်ရောက်

DIPD1

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DANISH INSTITUTE FOR PARTIES AND DEMOCRACY -DIPD) ၏ မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်း (Media and Public Relation-ship Training) ကို ဇွန်လ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် (၃၁)လမ်းထောင့် ၁ဝ လွှာ အမှတ် ၄၅၈၊ ၄၆ဝ၊ အခန်း ၁ဝ-စီ၌ ဖွင့်လှစ်ခဲ့သည်။ (more…)