ီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သာသနာ့ရောင်ခြည် (နွေ) ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားတက်ရောက်

wed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှု ဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၇ ရက် ညနေ ၅နာရီတွင် ပြုလုပ်သည့် ဟင်္သာတမြို့ ကြည့် ကန်ကျောင်းလမ်း သာသနာ့ရောင် ခြည်(နွေ)ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်း သိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ တက် ရောက်ခဲ့သည်။


သာသနာ့ရောင်ခြည်(နွေ) ဗုဒ္ဓဟူးဆွမ်းပတ် ဆွမ်းသိမ်းအောင် ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သို့ ဟင်္သာတမြို့နယ်ရှိ သီလရှင် စာသင်တိုက်များမှ သီလရှင်အပါး ၅၂ဝ ကြွရောက်ကြသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင် ဖြိုးပါတီအလုပ်အမှုဆောင်များ၊ အခြေခံအိမ်တွင်းမှုသင်တန်းမှ သင် တန်းဆရာမများနှင့်သင်တန်းသူများ၊ ရပ်ကွက်အတွင်းရှိ အလှူရှင်များ၊ ရပ်မိရပ်ဖများက ဝတ္ထုငွေနှင့် လှူ ဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြ ကြောင်း သိရသည်။


Leave a Reply