နယ်ခြားစောင့်တပ် နှစ်ပတ်လည်နေ့ ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

အမှတ်(၁ဝ၂၂) နယ်ခြားစောင့်တပ် ရှစ်နှစ် မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက် ၈ နာရီတွင် မြဝတီ မြို့နယ်အတွင်း မဲကနယ်ကျေးရွာရှိ အမှတ် (၁ဝ၂၂)နယ်ခြားစောင့်တပ်စစ်ရေးပြကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော် မတီဝင်များဖြစ်ကြသောဦးသန်းဦး၊ဦးဝင်းတင့်၊ ကော့ကရိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးခွန်အောင် သိန်းဝင်း၊ မြဝတီမြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်း နေအောင်တို့ တက်ရောက်ခဲ့ကြစဉ်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူ

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် အောင်သာဒါန်းနှင့်ထွန်း စိန်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ၄၂ စုအား ထောက် ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရန် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မှိုကုန်းသာအောင်သာဒါန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ ရောက်ရှိစဉ် ကျောင်းတိုက်ဦးစီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂဝံသအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုတို့အား ရန်ကုန် (တောင်ပိုင်း)ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးလွင်ဦး၊ ပြည်ခိုင်ဖြိုး ပါတီ တိုင်းအရန်ပါတီကော်မတီ ဒေါက်တာမြင့်သိန်းနှင့်ဇနီးဒေါ်အေး ရီ၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် ပါတီဝင်များက ဆက်ကပ်၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဆွမ်းဆန်တော်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဗဟန်းမြို့နယ်ရှိ ဦးသာသနာ့ကျောင်းတိုက်ရှိ ဝါဆို သံဃာတော်များ ဆွမ်းဆန်တော်အခက်အခဲမရှိစေရေးအတွက် ဗဟိုကော်မတီဝင် တိုင်းပါတီအတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်း ပါတီကော်မတီဝင် ဒေါက်တာကျော်စိုးတို့က ဆွမ်းဆန်တော် ငါး အိတ်အား တိုက်အုပ်ဆရာတော်ထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)

စာရေးကိရိယာလှူဒါန်း

 

နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော် မတီဝင်များ၊ ကြူဆော့ကျေးရွာပါတီကော်မတီဝင်များနှင့် စည်းရုံး ရေးမှူးများသည် သြဂုတ်၂၁ရက်မွန်းလွဲ၂နာရီတွင် ကြူဆော့ ကျေးရွာအမကကျောင်းသားကျောင်းသူများကို အာဟာရကြက် သားဆန်ပြုတ်ဖြင့်ဒါနပြု၍ ဗလာစာအုပ်နှင့်စာရေးကိရိယာများ သွားရောက်လှူဒါန်းစဉ်။

NWT


ထန်းတပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လမုတန်းကြီးကျေးရွာအုပ်စုသို့ နယ်မြေကွင်းဆင်း မြို့နယ်ပါတီရုံးတွင် အစည်းအဝေးကျင်းပ

 

ရန်ကုန် သြဂုတ် ၂၂

ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၂၂

ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီဝင် ဦးဥာဏ်သိန်း၊ အရန်ကော် မတီဝင် ဦးကေဆန်အောန်၊ တနိုင်း မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကိုနှင့် ကော်မတီဝင်များ သည် ယမန်နေ့ နံနက်ပိုင်းက တနိုင်းမြို့နယ် မကောကျေးရွာ အုပ်စု လမုန်ကျေးရွာ၌ ပါတီဝင် များ၊ ပါတီလိုလားသူများအား တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

မင်းဘူး(စကု)​၊ သြဂုတ်​၊ ၂၂

ရှမ်းရှေ့ ပြည်ခိုင်ဖြိုးပါတီမှ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်မြင့်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂၂ရက် နံနက် ၉နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ကော်မတီဝင်များ၊ တာချီလိတ်ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးကြစဉ်။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ဦးသန်းဌေး ညောင်လေးပင်မြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ညောင်လေးပင်၊သြဂုတ်၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဦးသန်းဌေးနှင့် ပါတီ ဗဟိုအလုပ်အမှူဆောင်များ၊ဗဟိုကော်မတီဝင်များ၊ပဲခူးတိုင်းပါတီအတွင်းရေးမှူးနှင့်တိုင်းပါတီကော်မတီဝင်များ၊ခရိုင်၊မြို့နယ်များမှတာဝန်ရှိသူများ၊သီဟသွေးလူငယ်များ၊ရပ်၊ကျေးပါတီအဆင့်ဆင့်မှတာဝန်ရှိသူများနှင့်သြဂုတ်လ၂၂ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ ညောင်လေးပင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင်ပါတီဥက္ကဋ္ဌဦးသန်းဌေးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ညောင်လေးပင်မြို့နယ်ပါတီ၏ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များမှ ပါတီဥက္ကဋ္ဌအားပါတီ၏ရပ်/ကျေး အခြေအနေပါတီဝင်ထုစည်းရုံးရရှိထားမှူအခြေအေနေ ပါတီတွင်းမြို့နယ် ရပ်/ကျေး ပါတီစည်းလုံးညီညွတ်မှူအခြေအနေများအပေါ်သိရှိလိုသည်များမေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရပ်/ကျေးပါတီဥက္ကဋ္ဌများမှပါတီ၏အခြေအနေ ရှင်းလင်းခဲ့ပြီးပါတီဥက္ကဋ္ဌမှပါတီလက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ ချမှတ်ထားသောမူဝါဒ၊ရည်မှန်းချက်များအားအကောင်အထည်ဆောင်ရွက်နေမှူအခြေအနေများအားတက်ရောက်လာသူများအားချပြရှင်းလင်းခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားလမ်းညွန်မှာကြားခဲ့ပြီးနောက်တက်ရောက်လာကြ
သောပါတီဝန်းရံသူမြို့မိ/မြို့ဖများ၊ပါတီနာယကများ၊ပါတီဝင်များ၊ပါတီလူငယ်များ၏တင်ပြချက်များအပေါ်ပါတီဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ပါတီတာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လေ့လာရေးလာရောက်သည့် မိုင်းဖြတ်မြို့နယ် ပါတီဝင်လူငယ်များနှင့်တွေ့ဆုံ