အောက်တောင်းကျေးရွာပါတီဝင်များနှင့် တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ

 

တမူး၊ သြဂုတ် ၂ဝ

တမူးပြည်ခိုင်ဖြိုးပါတီနှင့် ပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့က တမူးမြို့နယ် ခမ်းပါတ်မြို့ အောက်တောင်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပြည်ခိုင်ဖြိုးပါတီဆောင်ရွက်နေမှုများ၊ ပါတီရေးရာကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ပါတီဝင်များ၏ တင်ပြမေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ တွေ့ဆုံပွဲတွင် ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင် ဦးစေအောင်ပွင့်၊ နယ်အတွင်းရေးမှူး ဦးဇော်မင်း၊ ကော်မတီဝင် ဦးလေးဝင်းနှင့် ကျေးရွာမှပါတီဝင် များ တက်ရောက်ကြောင်း သိရ သည်

တိုင်းပါတီကော်မတီဝင် သုံးခွကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မအူပင် သြဂုတ် ၂ဝ

ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းသည် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးအပါအဝင် မြို့ နယ် ပါတီကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ၌ မအူပင်မြို့နယ် သုံးခွကျေးရွာအုပ်စု သုံးခွကျေးရွာ ရပ်မိရပ်ဖ ဦးစိုးမြင့်နေအိမ်တွင် ကျင်းပခဲ့ရာ သုံးခွကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စာရေးဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ၊ သြဂုတ် ၂ဝ

မိုးကုတ်ဝိပဿနာရိပ်သာတရားစခန်းအောင်ပွဲ ဝါဆိုသင်္ကန်းဆက်ကပ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခုနစ်ရက်ပတ်လုံးလုပ်အားဒါနလှူ

 

ရန်ကုန် သြဂုတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင်လှိုင်သာယာမြို့နယ်အမှတ် (၁၂)ရပ်ကွက် လှိုင်ရတနာလမ်း မိုးကုတ်ဝိပဿနာရိပ်သာ အဖွဲ့ခွဲ အမှတ်(၁၄၆)တွင် ၁၃၈ ကြိမ် မြောက် တရားစခန်းအောင်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။

ကျေးရွာအုပ်စုများတွင် ပါတီဆိုင်းဘုတ်တင်ပွဲများပြုလုပ်

 

ကလေး သြဂုတ် ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်တွင် ရပ်ကွက်များ နှင့်ကျေးရွာအုပ်စု ၆၂ အုပ်စုရှိရာ ယခုအခါတွင် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၁၅ စု စုစုပေါင်း ၁၈ နေရာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် များ တင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ဥက္ကလာပညီနောင်များအသင်း၏ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးကိုယ်စားလှယ်မိသားစုပါဝင်လှူဒါန်း

 

မိတ္ထီလာ သြဂုတ် ၂ဝ

မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် စည်သူရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ ဥက္ကလာပညီနောင်များ ဝေယျာဝစ္စ အသင်းမှဦးဆောင်၍ ဝါတွင်း ဥပုသ်နေ့တိုင်း ဝါဆိုသင်္ကန်းကပ် နှင့် သီလပေးတရားပွဲကို ကျင်းပ ခဲ့သည်။

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေနုတ်မြောင်းလုပ်အားပေးအာဟာရဒါနပြုလုပ်

 

ချောက် သြဂုတ် ၂ဝ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးအမာခံ နယ်မြေလှည်းကြီးစုရပ် အမာခံပါတီဝင်များက ရေနုတ်မြောင်း ဖောက်လုပ်ရေးတွင် လုပ်အားပေးဆောင်ရွက်ခဲ့ပြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှ ဘဏ္ဍာရေးမှူးဒေါ်နွယ်နီနိုင်၊ မြို့နယ်ကော် မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်တို့က အာဟာရဒါနကျွေးမွေးခဲ့ ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)


မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သောက်ရေတွင်းလမ်းပြုပြင်ရန် အလှူငွေပေးအပ်

 

မလှိုင် သြဂုတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက မြင်းတွင်းကျေးရွာသောက်ရေခပ်လမ်းပြုပြင်ရန် အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြင်းတွင်းကျေး ရွာ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ဦးတင့်လှိုင်နှင့် ဌာနစုမှူးဦးခင်မောင်ရင်တို့သည် သြဂုတ် ၂ဝရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင်များ၊ ကျိုင်းတုံခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခဲ့စဉ်။

SE