တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ကျောက်ဆည်ခရိုင်ပါတီကော်မတီဝင် ဦးစန်းမြင့် က အမှာစကား ပြောကြားရာတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ကျစ်လျစ်ခိုင်မာပြီး အင်အားတောင့်တင်းရေး ဆောင်ရွက်စေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဖွဲ့စည်းမှု ကျစ်လျစ် ခိုင်မာရေးတို့အတွက် ယခုလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဟင်္သာတပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက် (၉) နာရီ(၃၀)မိနစ်အချိန်ကစတင်၍ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပါတီ ဗဟိုကော်မတီဝင် (တိုင်း ဒေသကြီး ရွေးချယ်ရေးကြီးကြပ်မှုအဖွဲ့ နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား (၂၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

မြ၀တီမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ် အုတ်မြစ်ချရာတွင် လုပ်အားဒါနပြုဆောင်ရွက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးထွန်းနေအောင်၊ မြို့နယ်ပါတီကော်မတီ ဦးအောင်ဝင်းတို့သည် မြို့ပေါ်အမှတ် (၁) (၂) (၃) ရက်ကွက်နှင့် ညီနောင်၊ ဝှေရှမ်း၊ မဲ့ပလဲ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကေဒါ (၂၅) ဦးတို့လိုက်ပါ လျက် ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်းက မဲ့ပလဲကျေးရွာအုပ်စု လိုက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဓမ္မာရုံသစ် အုတ်မြစ်ချရာ၌ တစ်နေ့တာလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းနှင့် ဦးခင်ရီ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီ အစည်းအဝေးများသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့သည် ကယားပြည်နယ်ရှိ မယ်စဲ့ မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှာတော မြို့နယ်တို့၏ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်၍ အမှာစကား ပြောကြား အားပေးခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးများ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မျက်နှာစုံညီအကြိုညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၂၇) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၅) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီကော် မတီဝင်များက မြို့နယ်ပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကာ မြို့နယ်ပါတီကော်မတီဝင်ဟောင်းများ နှုတ်ထွက်ခဲ့ကြပြီး အစီအစဉ် ပထမပိုင်းကို ခေတ္တရပ်နားခဲ့သည်။

မာန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ကော်မတီ ရွေးချယ်ပွဲကို ဇွန်လ (၂၇) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးသာညွန့်၊ ဦးခင်မောင်ရွှေ၊ ဦးကျော်လှဦး၊ ဦးမောင်မြင့်တို့ ဦးဆောင်၍ မြို့နယ်ပါတီကော်မတီကို ပြန်လည် ရွေးချယ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးမောင်ကြည်၊ မြို့နယ်ပါတီအတွင်းရေးမှူးအဖြစ် ဦးဝင်းဖေ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဌေးမြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များကို ရွေးချယ်ခဲ့ကြောင်း သိရသည်

ချမ်းမြသာစည်မြို့နယ် ပါတီမျက်နှာစုံညီစည်းဝေး

ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမျက်နှာစုံညီ အစည်းအဝေးကို တိုင်းဒေသကြီး ပါတီရုံးအစည်း အဝေးခန်းမတွင် ယခုလ ၂၄ ရက် မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးရဲမြင့်တက်ရောက်ခဲ့သည်။

ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ကန့်ဘလူမြို့နယ်ပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း စည်းဝေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီအကြိုညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၄ ရက်နံနက် ၉ နာရီက မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပါတီဌာနချုပ် ဗဟိုဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် နှင့်တိုင်းဒေသကြီးပါတီ တွဲဖက် အတွင်းရေးမှူးဦးအောင်ကျော်ဦး နှင့် ကော်မတီဝင်များ၊ ရွှေဘိုခရိုင် ပါတီဥက္ကဋ္ဌ ဦးမြမျိုးညွန့်နှင့် ကော် မတီဝင်များ၊ ကန့်ဘလူမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိန် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီစည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်း ၁၄ဝ ကျော် တက်ရောက်ကြသည်။

ရသေ့တောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၅) ရက် နေ့လည် (၁၂) နာရီ (၃၀) မိနစ်အချိန်တွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့် အမှာစကားပြောကြားခဲ့သည်။

13529059_399492436892556_2634280545758112294_n

(more…)