ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ကန့်ဘလူမြို့နယ်ပါတီ မျက်နှာစုံညီ အကြိုညှိနှိုင်း စည်းဝေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီအကြိုညှိနှိုင်းအစည်းအဝေးကို ယခုလ ၂၄ ရက်နံနက် ၉ နာရီက မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပါတီဌာနချုပ် ဗဟိုဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် နှင့်တိုင်းဒေသကြီးပါတီ တွဲဖက် အတွင်းရေးမှူးဦးအောင်ကျော်ဦး နှင့် ကော်မတီဝင်များ၊ ရွှေဘိုခရိုင် ပါတီဥက္ကဋ္ဌ ဦးမြမျိုးညွန့်နှင့် ကော် မတီဝင်များ၊ ကန့်ဘလူမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိန် နှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီစည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်း ၁၄ဝ ကျော် တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး ကော်မတီ ဝင်များ အမည်စာရင်းကို ကြေညာသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးပါတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဦးက နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ရွေးချယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ပြောကြားပြီး ရပ်/ကျေးအဖွဲ့အတွက် တက်ရောက်လာကြသော ရပ်/ကျေးကိုယ်စားလှယ်များက မိမိတို့အထဲမှ နယ်မြေအလိုက် သင့်လျော်မည့် မြို့နယ်ပါတီကော်မတီဝင်လောင်း (၂၆) ဦး ကို ဆန္ဒမဲပေး ရွေးချယ်ကြေညာပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းစိန်က မြို့နယ် ပါတီကော်မတီလောင်း (၁၅) ဦး အမည်စာရင်းကို မျက်နှာစုံညီအစည်းအဝေး ကြီးကြပ်ရေး ကော်မတီသို့ တင်သွင်းသည်။

ဆက်လက်၍ မြို့နယ်ပါတီ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို မြို့နယ် ပါတီအတွင်းရေးမှူးက ဖတ်ကြားခြင်းနှင့် အစု အဖွဲ့စာတမ်း ငါးစောင်ကို မြို့နယ် ပါတီ ကော်မတီဝင်ငါးဦးတို့က ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် မြို့နယ်ပါတီကော် မတီဝင်များက တာဝန်မှနုတ်ထွက် ကြောင်းကြေညာပြီး သဘာပတိက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ပါတီကြွေးကြော် သံများဖြင့် အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)


Leave a Reply