နိုင္ငံ၏ ခရီးသြားလုပ္ငန္းတိုးတက္လာေစရန္ ခရီးသြားက႑တြင္ ေျဖေလၽွာ့မႈမ်ား ထိုင္းလုပ္ေဆာင္

ထိုင္းအစိုးရသည္ နိုင္ငံ၏အေရးပါသည့္ ခရီးသြားလုပ္ငန္းတိုးတက္လာေစရန္ ရက္ရွည္ေနထိုင္ခြင့္ ဗီဇာမ်ား ထုတ္ေပး၍ ခရီးသြားက႑တြင္ ေျဖေလၽွာ့မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

နိုင္ငံ၏စီးပြားေရးတိုးတက္မႈေႏွးေကြးေနစဥ္ အစိုးရအဖြဲ႕က နိုင္ငံျခားသားခရီးသည္မ်ား၊ အလုပ္သမား မ်ားႏွင့္ ျပည္ပမွ ေက်ာင္းလာတက္သူမ်ားအား နိုင္ငံအတြင္း၌ ကာလရွည္ၾကာေနထိုင္ခြင့္ျပဳရန္ ေမလ ၂၈ ရက္တြင္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေျဖေလၽွာ့မႈသစ္မ်ားကို လာမည့္ ဇြန္လမွစ၍ စတင္မည္ျဖစ္ၿပီး နိုင္ငံအတြင္း သို႔ လာေရာက္ လည္ပတ္ခြင့္ျပဳထားသည့္ နိုင္ငံအေရအတြက္ကိုလည္း လက္ရွိ ၅၇ နိုင္ငံမွ နိုင္ငံႏွင့္ ေဒသႀကီး ၉၃ ခုအထိ တိုးျမႇင့္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ နိုင္ငံအတြင္းသို႔ ျပည္ဝင္ခြင့္ဗီဇာမပါဘဲ ေနထိုင္ခြင့္ ကာလကိုလည္း ၆၀ ရက္အထိ ေျပာင္းလဲသတ္မွတ္ခဲ့ၿပီး ဆိုက္ေရာက္ဗီဇာရယူနိုင္သည့္ နိုင္ငံအေရ အတြက္ကို လက္ရွိ ၁၉ နိုင္ငံမွ ၃၁ နိုင္ငံအထိတိုးျမႇင့္ခဲ့ေၾကာင္း အစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ခ်ိဳင္ဝါခ်ာရြန္ေကက ေျပာသည္။

ထို႔ျပင္ ျပည္ပမွဝင္ေရာက္လာသည့္ တကၠသိုလ္ေက်ာင္းသားမ်ား ဘြဲ႕ရရွိၿပီးေနာက္ နိုင္ငံအတြင္း၌ တစ္ႏွစ္ ေနထိုင္ခြင့္ျပဳမည္ ျဖစ္သည္။

ထိုင္းနိုင္ငံသို႔ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ဝင္ေရာက္လာသည့္ ခရီးသြား ဦးေရမွာ ၁၄ ဒသမ ၃၂ သန္းရွိၿပီး အစိုးရအေနျဖင့္ ယခု ၂၀၂၄ ခုႏွစ္အတြင္း နိုင္ငံအတြင္းသို႔ ဝင္ေရာက္လာသည့္ ခရီးသည္ ပမာဏအား အနည္းဆုံး ၃၅ သန္းအထိျမင့္တက္လာေစရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။

Ref: Xinhua

==========
နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် ခရီးသွားကဏ္ဍတွင် ဖြေလျှော့မှုများ ထိုင်းလုပ်ဆောင်
ထိုင်းအစိုးရသည် နိုင်ငံ၏အရေးပါသည့် ခရီးသွားလုပ်ငန်းတိုးတက်လာစေရန် ရက်ရှည်နေထိုင်ခွင့် ဗီဇာများ ထုတ်ပေး၍ ခရီးသွားကဏ္ဍတွင် ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှေးကွေးနေစဉ် အစိုးရအဖွဲ့က နိုင်ငံခြားသားခရီးသည်များ၊ အလုပ်သမား များနှင့် ပြည်ပမှ ကျောင်းလာတက်သူများအား နိုင်ငံအတွင်း၌ ကာလရှည်ကြာနေထိုင်ခွင့်ပြုရန် မေလ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြေလျှော့မှုသစ်များကို လာမည့် ဇွန်လမှစ၍ စတင်မည်ဖြစ်ပြီး နိုင်ငံအတွင်း သို့ လာရောက် လည်ပတ်ခွင့်ပြုထားသည့် နိုင်ငံအရေအတွက်ကိုလည်း လက်ရှိ ၅၇ နိုင်ငံမှ နိုင်ငံနှင့် ဒေသကြီး ၉၃ ခုအထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်ဗီဇာမပါဘဲ နေထိုင်ခွင့် ကာလကိုလည်း ၆၀ ရက်အထိ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဆိုက်ရောက်ဗီဇာရယူနိုင်သည့် နိုင်ငံအရေ အတွက်ကို လက်ရှိ ၁၉ နိုင်ငံမှ ၃၁ နိုင်ငံအထိတိုးမြှင့်ခဲ့ကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကေက ပြောသည်။

ထို့ပြင် ပြည်ပမှဝင်ရောက်လာသည့် တက္ကသိုလ်ကျောင်းသားများ ဘွဲ့ရရှိပြီးနောက် နိုင်ငံအတွင်း၌ တစ်နှစ် နေထိုင်ခွင့်ပြုမည် ဖြစ်သည်။

ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဝင်ရောက်လာသည့် ခရီးသွား ဦးရေမှာ ၁၄ ဒသမ ၃၂ သန်းရှိပြီး အစိုးရအနေဖြင့် ယခု ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည် ပမာဏအား အနည်းဆုံး ၃၅ သန်းအထိမြင့်တက်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Ref: Xinhua