
Ref : gsmarena

=======

တရုတ်မှာ ရောင်းအား ကောင်းနေတဲ့ Xiaomi Civi 4 Pro

Xiaomi က Civi 4 Pro ကို တရုတ်မှာ ရောင်းချပေးလိုက်ပြီး Snapdragon 8 Gen 3 ရဲ့ Lite Version ဖြစ်တဲ့ Snapdragon 8s Gen 3 ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ တရုတ်မှာ စံချိန်တင် ရောင်းအားကောင်းနေပါတယ်။
Xiaomi က Flash Sale ပထမ ၁၀ မိနစ်မှာတင် Civi 3 ထက် ရောင်းအား ၂၀၀ ရာခိုင်နှုန်း ပိုများတယ်လို့ ပြောပါတယ်။
Xiaomi Civi 4 Pro ရဲ့ Specs တွေကို လေ့လာကြည့်ရင် 6.55” AMOLED မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 50MP Portrait (2x Optical Zoom) , 12MP Ultra-wide ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။
အရောင် ၇ ရောင်တောင် ထုတ်လုပ်ထားပြီး Memory Configuration ၃ မျိုး ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ် (၄၁၅ ဒေါ်လာ) သတ်မှတ်ထားပြီး တခြား နိုင်ငံတွေမှာ ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။
Ref : gsmarena