ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီး ပါတီဝင္အသစ္ (၁၇၄၁)ဦး အဆိုျပဳလႊာစုေပါင္းေပးအပ္ပြဲသို႔ တက္ေရာက္

မတ္ ၂၃၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ မတ္လ ၂၂ ရက္ေန႔ နံနက္ ၁၀:၀၀ အခ်ိန္ မႏၲေလးတိုင္းေဒသႀကီး ပါတီ႐ုံးခန္းမ၌ က်င္းပျပဳလုပ္ေသာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္အသီးသီးမွ ပါတီဝင္အသစ္ (၁၇၄၁)ဦး၏ ပါတီဝင္အဆိုျပဳလႊာစုေပါင္းေပးအပ္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အစီအစဥ္အရ အခမ္းအနားကို တက္ေရာက္လာသူအားလုံးမွ နိုင္ငံေတာ္အလံအေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာ ” ယခုလို မိမိတို႔ ပါတီသို႔ ပါတီဝင္မ်ားအျဖစ္ ဝင္ေရာက္လာမႈအေပၚ မ်ားစြာဂုဏ္ယူပါေၾကာင္းႏွင့္ ေႏြးေထြးပ်ဴငွာစြာ ႀကိဳဆိုပါေၾကာင္း၊ မိမိတို႔ပါတီဟာ သမိုင္းလိုအပ္ခ်က္ နိုင္ငံေတာ္လိုအပ္ခ်က္အရ ျဖစ္တည္လာခဲ့သည့္ သမိုင္းေၾကာင္းေကာင္းသည့္ အသင္း/ပါတီႀကီးျဖစ္ေၾကာင္း၊ နိုင္ငံေရးသမားေကာင္းမွ တိုင္းျပည္ေကာင္းမည္ျဖစ္၍ မိမိတို႔ပါတီအေနျဖင့္ ပါတီဝင္နိုင္ငံေရးသမားေကာင္းမ်ားအား ေမြးထုတ္ေပးလ်က္ရွိေၾကာင္းႏွင့္ လက္ရွိမိမိဦးေဆာင္ေသာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အေနျဖင့္ ျပည္သူမ်ား၏ အနာဂတ္ဘဝမ်ား တိုးတက္ေစရန္ ေရတိုေရရွည္လုပ္ငန္းစီမံခ်က္မ်ား ခ်မွတ္ၿပီး ​ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ” အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ မႏၲေလးတိုင္းေဒသႀကီး ​ဥကၠ႒ ဦးေအာင္ေက်ာ္မိုးမွ ပါတီဝင္အသစ္မ်ား စည္း႐ုံးရရွိခဲ့မႈအေျခအေနႏွင့္ ေဆာင္ရြက္မႈမ်ားအား တင္ျပခဲ့ၿပီး ပါတီဝင္အသစ္ (၁၇၄၁)ဦး၏ ပါတီဝင္အဆိုျပဳလႊာမ်ားအား ခရိုင္ပါတီဥကၠ႒မ်ားက သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ ေပးအပ္ရာ ပါတီဥကၠ႒ ဦးခင္ရီမွ လက္ခံခဲ့ပါသည္။ ဆက္လက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အသင္းဘဝမွ လက္ရွိအခ်ိန္ထိ ေဆာင္ရြက္မႈ မွတ္တမ္း Video အားျပသခဲ့ပါသည္။
ထို႔ေနာက္ ပါတီဝင္အသစ္မ်ားထဲမွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔က ပါတီသို႔ဝင္ေရာက္ရျခင္းအေၾကာင္းအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ ” ပါတီဝင္တစ္ဦးထမ္းေဆာင္ရမည့္ တာဝန္ဝတၱရားမ်ားကိုလည္း အပ္ႏွင္းပါေၾကာင္း၊ ပါတီဝင္မ်ားျဖစ္ၾကၿပီျဖစ္သည္ႏွင့္အညီ ပါတီအေပၚကို သစၥာေစာင့္သိရမည္ျဖစ္ပါေၾကာင္း၊ မိမိတစ္ဦးတစ္ေယာက္မွသည္ ျပည္သူအမ်ားပါဝင္လာေအာင္ စည္း႐ုံးေဆာင္ရြက္နိုင္ေသာ စည္း႐ုံးေရးသမားေကဒါေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားနိုင္ၾကပါေစေၾကာင္း” ေျပာၾကားခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီးမွ ပါတီဝင္ လူငယ္ေမာင္မယ္မ်ား၏ “ရာသက္ပန္ ျပည္ေထာင္စု” ေတးသ႐ုပ္ေဖာ္အား ၾကည့္ရႈအားေပးကာ အခမ္းအနားကို ေႂကြးေၾကာ္သံမ်ားဟစ္ေႂကြး၍ ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီဝင္အဆိုျပဳလႊာမ်ား စုေပါင္းေပးအပ္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဗဟိုအတိုင္ပင္ခံ ဦးရဲျမင့္၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ေဒါက္တာေမာင္သင္း၊ ေဒါက္တာေအာင္ျမတ္ဦး၊ ေဒၚခင္ေရႊျမင့္၊ ေဒၚသိဂႌဝင္းေရႊ၊ ဦးတင့္လွိုင္ျမင့္၊ မႏၲေလးတိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုးႏွင့္ တိုင္း​ေဒသႀကီးေကာ္မတီဝင္မ်ား၊ ခရိုင္မ်ား၊ ၿမိဳ႕နယ္မ်ားမွ တာဝန္ရွိသူမ်ား၊ ပါတီဝင္အသစ္ (၁၇၄၁)ဦးတို႔ တက္ေရာက္ခဲ့ၾကပါသည္။

=========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီး ပါတီဝင်အသစ် (၁၇၄၁)ဦး အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်

မတ် ၂၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀:၀၀ အချိန် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပါတီဝင်အသစ် (၁၇၄၁)ဦး၏ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အစီအစဥ်အရ အခမ်းအနားကို တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ” ယခုလို မိမိတို့ ပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်လာမှုအပေါ် များစွာဂုဏ်ယူပါကြောင်းနှင့် နွေးထွေးပျူငှာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ပါတီဟာ သမိုင်းလိုအပ်ချက် နိုင်ငံတော်လိုအပ်ချက်အရ ဖြစ်တည်လာခဲ့သည့် သမိုင်းကြောင်းကောင်းသည့် အသင်း/ပါတီကြီးဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်၍ မိမိတို့ပါတီအနေဖြင့် ပါတီဝင်နိုင်ငံရေးသမားကောင်းများအား မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် လက်ရှိမိမိဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပြည်သူများ၏ အနာဂတ်ဘဝများ တိုးတက်စေရန် ရေတိုရေရှည်လုပ်ငန်းစီမံချက်များ ချမှတ်ပြီး ​ဆောင်ရွက်လျက်ရှိပါကြောင်း ” အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီး ​ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ပါတီဝင်အသစ်များ စည်းရုံးရရှိခဲ့မှုအခြေအနေနှင့် ဆောင်ရွက်မှုများအား တင်ပြခဲ့ပြီး ပါတီဝင်အသစ် (၁၇၄၁)ဦး၏ ပါတီဝင်အဆိုပြုလွှာများအား ခရိုင်ပါတီဥက္ကဋ္ဌများက သက်ဆိုင်ရာနယ်မြေများအလိုက် ပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသင်းဘဝမှ လက်ရှိအချိန်ထိ ဆောင်ရွက်မှု မှတ်တမ်း Video အားပြသခဲ့ပါသည်။
ထို့နောက် ပါတီဝင်အသစ်များထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ ” ပါတီဝင်တစ်ဦးထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း အပ်နှင်းပါကြောင်း၊ ပါတီဝင်များဖြစ်ကြပြီဖြစ်သည်နှင့်အညီ ပါတီအပေါ်ကို သစ္စာစောင့်သိရမည်ဖြစ်ပါကြောင်း၊ မိမိတစ်ဦးတစ်ယောက်မှသည် ပြည်သူအများပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်သော စည်းရုံးရေးသမားကေဒါကောင်းများဖြစ်အောင် ကြိုးစားနိုင်ကြပါစေကြောင်း” ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ ပါတီဝင် လူငယ်မောင်မယ်များ၏ “ရာသက်ပန် ပြည်ထောင်စု” တေးသရုပ်ဖော်အား ကြည့်ရှုအားပေးကာ အခမ်းအနားကို ကြွေးကြော်သံများဟစ်ကြွေး၍ ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဒေါက်တာအောင်မြတ်ဦး၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်း​ဒေသကြီးကော်မတီဝင်များ၊ ခရိုင်များ၊ မြို့နယ်များမှ တာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၁၇၄၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။