ဟူသီသူပုန္မ်ားက ဒိန္းမတ္ပိုင္ကုန္တင္သေဘၤာကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္

ေဖေဖာ္ဝါရီ ၂၀

ဟူသီသူပုန္မ်ားက ပင္လယ္နီေဒသအတြင္း သြားလာေနသည့္ ဒိန္းမတ္နိုင္ငံက ပိုင္ဆိုင္ေသာ ကုန္တင္ သေဘၤာတစ္စင္းကို ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္ေၾကာင္း အေမရိကန္အလယ္ပိုင္းေဒသ ကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ထားသည္။

ယီမင္နိုင္ငံအတြင္းရွိ ဟူသီသူပုန္မ်ားထိန္းခ်ဳပ္ထားေသာ နယ္ေျမမွ သေဘၤာဖ်က္ ဒုံးက်ည္ေလးစင္းကို ပစ္လႊတ္လိုက္ေၾကာင္း၊ ထိုေလးစင္းအနက္ ဒုံးက်ည္သုံးစင္းမ်ာ ဒိန္းမတ္နိုင္ငံ ပိုင္ ကုန္တင္သေဘၤာကို ဦးတည္ပစ္ခတ္ျခင္းျဖစ္ေၾကာင္း ႏွင့္ ထိခိုက္ဒဏ္ရာ ရရွိသူမ်ားႏွင့္ အျခားေသာ သေဘၤာ မ်ား ထိခိုက္မႈ ရွိ၊ မရွိကို သတင္းထုတ္ျပန္ထားျခင္းမရွိေၾကာင္း အေမရိကန္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

တစ္ခ်ိန္တည္းမွာပင္ အေမရိကန္တပ္ဖြဲမ်ားသည္ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ ယီမင္ေရပိုင္နက္အတြင္းရွိ သေဘၤာဖ်က္အနိမ့္ပ်ံ ဒုံးက်ည္တစ္စင္းႏွင့္ ေမာင္းသူမဲ့သေဘၤာတစ္စင္းတိုကို ပစ္ခတ္လိုက္ေၾကာင္း ထုတ္ျပန္ ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္။

ဟူသီသူပုန္မ်ားသည္ ယီမင္နိုင္ငံ၏ ပင္လယ္နီကမ္းရိုးတန္းတစ္ေလၽွာက္ ကို ထိန္းခ်ဳပ္ထားသည္ သူပုန္အဖြဲျဖစ္ၿပီး အစၥေရး၊ အေမရိကန္နိုင္ငံတိုႏွင့္ ဆက္စပ္ေနေသာ သေဘၤာမ်ားကို တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။ ယခုအခါ ကုန္တင္သေဘၤာ ကုမၸဏီအမ်ားအျပားက ပင္လယ္နီ ေဒသ၅အတြင္းမွ ျဖတ္သန္းသြားလာမႈကို ရပ္ဆိုင္းထားေၾကာင္း Sputnik သတင္းဌာနတြင္ ေဖာ္ျပထားသည္။

========

ဟူသီသူပုန်များက ဒိန်းမတ်ပိုင်ကုန်တင်သင်္ဘောကို ဒုံးကျည်များဖြင့် ပစ်ခတ်

ဖေဖော်ဝါရီ ၂၀

ဟူသီသူပုန်များက ပင်လယ်နီဒေသအတွင်း သွားလာနေသည့် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်သော ကုန်တင် သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း အမေရိကန်အလယ်ပိုင်းဒေသ ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။

ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များထိန်းချုပ်ထားသော နယ်မြေမှ သင်္ဘောဖျက် ဒုံးကျည်လေးစင်းကို ပစ်လွှတ်လိုက်ကြောင်း၊ ထိုလေးစင်းအနက် ဒုံးကျည်သုံးစင်းမျာ ဒိန်းမတ်နိုင်ငံ ပိုင် ကုန်တင်သင်္ဘောကို ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အခြားသော သင်္ဘော များ ထိခိုက်မှု ရှိ၊ မရှိကို သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း အမေရိကန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်တပ်ဖွဲများသည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ယီမင်ရေပိုင်နက်အတွင်းရှိ သင်္ဘောဖျက်အနိမ့်ပျံ ဒုံးကျည်တစ်စင်းနှင့် မောင်းသူမဲ့သင်္ဘောတစ်စင်းတိုကို ပစ်ခတ်လိုက်ကြောင်း ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဟူသီသူပုန်များသည် ယီမင်နိုင်ငံ၏ ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် ကို ထိန်းချုပ်ထားသည် သူပုန်အဖွဲဖြစ်ပြီး အစ္စရေး၊ အမေရိကန်နိုင်ငံတိုနှင့် ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခုအခါ ကုန်တင်သင်္ဘော ကုမ္ပဏီအများအပြားက ပင်လယ်နီ ဒေသ၅အတွင်းမှ ဖြတ်သန်းသွားလာမှုကို ရပ်ဆိုင်းထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။