ေခတ္အဆက္ဆက္က တိုင္းျပည္အတြက္ အသက္စြန္႔လႉသြားၾကေသာ သူရဲေကာင္းစစ္သည္မ်ားအား ဂုဏ္ျပဳပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ တက္ေရာက္

 

ဒီဇင္ဘာ ၃၊ ေနျပည္ေတာ္

“အမြန္ျမတ္ဆုံးေသာ စြန္႔လႊတ္ျခင္း၏ တုႏွိုင္းဖြယ္ရာမရွိေသာဂုဏ္ျဒပ္” ေခတ္အဆက္ဆက္မွ တိုင္းျပည္အတြက္အသက္စြန္႔လႉခဲ့ၾကသည့္ သူရဲေကာင္းမ်ားအား ဂုဏ္ျပဳပြဲအခမ္းအနားကို ႏွစ္စဥ္ဒီဇင္ဘာလ၏ ပထမဦးဆုံးေသာ တနဂၤေႏြ႕ေန႔ရက္တိုင္းတြင္ က်င္းပရာ (၁၀)ႀကိမ္ေျမာက္ ဂုဏ္ျပဳပြဲကို ၃-၁၁-၂၀၂၃ ရက္ေန႔တြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္ရွိ သူရဲေကာင္းစစ္သည္ဗိမၼာန္၌ နံနက္ ၀၉:၀၀ အခ်ိန္မွ ၁၁:၀၀ အခ်ိန္ထိ ျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားကို ပါတီဥကၠ႒ ဦးခင္ရီ၊ တပ္မေတာ္မွအရာရွိမ်ား၊ အၿငိမ္းစားအရာရွိမ်ား၊ စစ္မႈထမ္းေဟာင္း ဥကၠ႒ႏွင့္ လူမႈေရးအသင္းအဖြဲ႕က ေခါင္းေဆာင္မ်ားမွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၿပီး နိုင္ငံေတာ္သီခ်င္း သီဆိုၾကပါသည္။ ၎ေနာက္ စစ္ေရးျပအခမ္းအနားျဖင့္ နိုင္ငံအေတာ္အလံႏွင့္ ေခတ္အဆက္ဆက္က တိုင္းျပည္အတြက္အသက္စြန္႔လႉခဲ့ၾကသည့္ သူရဲေကာင္းစစ္သည္မ်ားအား အေလးပ​ျဳျခင္း၊ ႏွစ္မိနစ္ၿငိမ္သက္ျခင္းတို႔ လုပ္ေဆာင္ၾကပါသည္။

ဆက္လက္ၿပီး တက္ေရာက္ၾကသူမ်ားက မိုးပ်ံပူေဖာင္းမ်ားလြတ္တင္ဆုေတာင္းျခင္း၊ ပါတီဒုတိယဥကၠ႒ ဦးလွထြန္း၊ တပ္မေတာ္မွအရာရွိမ်ား၊ အၿငိမ္းစားအရာရွိမ်ား၊ စစ္မႈထမ္းေဟာင္း ဥကၠ႒ႏွင့္ လူမႈေရးအသင္းအဖြဲ႕က ေခါင္းေဆာင္မ်ားမွ ၿငိမ္းခ်မ္းေရးသေကၤတ ခ်ိဳးျဖဴငွက္မ်ားလႊတ္တင္ၾကပါသည္။

ထို႔ေနာက္ သူရဲေကာင္းစစ္သည္ဗိမၼာန္အတြင္းရွိ အထိမ္းအမွတ္ေက်ာက္တိုင္တြင္ တစ္ဦးခ်င္းဆီေသာ္လည္းေကာင္း၊ အဖြဲ႕အစည္းကိုယ္စားျပဳ၍ ေသာ္လည္း ေကာင္း ဂုဏ္ျပဳပန္းျခင္းမ်ားခ်၍ အေလးျပဳခဲ့ၿပီး အခမ္းအနားကို ဇာတိမာန္သီခ်င္းျဖင့္ ႐ုတ္သိမ္းခဲ့ပါသည္။

အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ တပ္မေတာ္မွ အရာရွိမ်ား၊ အၿငိမ္းစားအရာရွိမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ တပ္မေတာ္အားခ်စ္ခင္ျမတ္နိုးသူျပည္သူမ်ား၊ အသင္းအဖြဲ႕မ်ား အင္အား (၅၀၀၀)ေက်ာ္ တက္ေရာက္ခဲ့ၾကပါသည္။

=====================

ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်လှူသွားကြသော သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်
******************************************

ဒီဇင်ဘာ ၃၊ နေပြည်တော်

“အမွန်မြတ်ဆုံးသော စွန့်လွှတ်ခြင်း၏ တုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်” ခေတ်အဆက်ဆက်မှ တိုင်းပြည်အတွက်အသက်စွန့်လှူခဲ့ကြသည့် သူရဲကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို နှစ်စဥ်ဒီဇင်ဘာလ၏ ပထမဦးဆုံးသော တနင်္ဂနွေ့နေ့ရက်တိုင်းတွင် ကျင်းပရာ (၁၀)ကြိမ်မြောက် ဂုဏ်ပြုပွဲကို ၃-၁၁-၂၀၂၃ ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းစစ်သည်ဗိမ္မာန်၌ နံနက် ၀၉:၀၀ အချိန်မှ ၁၁:၀၀ အချိန်ထိ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ တပ်မတော်မှအရာရှိများ၊ အငြိမ်းစားအရာရှိများ၊ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့က ခေါင်းဆောင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်း သီဆိုကြပါသည်။ ၎င်းနောက် စစ်ရေးပြအခမ်းအနားဖြင့် နိုင်ငံအတော်အလံနှင့် ခေတ်အဆက်ဆက်က တိုင်းပြည်အတွက်အသက်စွန့်လှူခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား အလေးပ​ြုခြင်း၊ နှစ်မိနစ်ငြိမ်သက်ခြင်းတို့ လုပ်ဆောင်ကြပါသည်။

ဆက်လက်ပြီး တက်ရောက်ကြသူများက မိုးပျံပူဖောင်းများလွတ်တင်ဆုတောင်းခြင်း၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ တပ်မတော်မှအရာရှိများ၊ အငြိမ်းစားအရာရှိများ၊ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌနှင့် လူမှုရေးအသင်းအဖွဲ့က ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်များလွှတ်တင်ကြပါသည်။

ထို့နောက် သူရဲကောင်းစစ်သည်ဗိမ္မာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်တွင် တစ်ဦးချင်းဆီသော်လည်းကောင်း၊ အဖွဲ့အစည်းကိုယ်စားပြု၍ သော်လည်း ကောင်း ဂုဏ်ပြုပန်းခြင်းများချ၍ အလေးပြုခဲ့ပြီး အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တပ်မတော်မှ အရာရှိများ၊ အငြိမ်းစားအရာရှိများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်မတော်အားချစ်ခင်မြတ်နိုးသူပြည်သူများ၊ အသင်းအဖွဲ့များ အင်အား (၅၀၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။