သိုင္းအခ်ေကာင္းလို႔ ‌ေဆး႐ုံတက္ ခြဲစိပ္လိုက္ရတဲ့ ဇူဇူ

Facebook ရဲ့ ေဘာစိ ဇူဇူဟာ သိုင္းအခ်ေကာင္းလို႔ ေဆး႐ုံတက္ ခြဲစိပ္လိုက္ရပါတယ္။ သူက ေနာက္ႏွစ္ အေစာပိုင္းမွာ Mixed Martial Art ၿပိဳင္ပြဲ ၁ ခုမွာ ပါဝင္ဖို႔ ရွိေပမယ့္ အခုေတာ့ အဲဒီ အစီအစဥ္ကို ေျပာင္းရေတာ့မယ္လို႔ ေျပာပါတယ္။
သူဟာ ေဆး႐ုံက ခုတင္မွာ ရိုက္ထားတဲ့ ဓါတ္ပုံေတြကို မၽွေဝထားၿပီး Caption ကိုလည္း ေရးသားထားပါတယ္။ သူက “ သိုင္းေလ့က်င့္ေနတုန္း ဒဏ္ရာရသြားတဲ့အတြက္ အခုပဲ ခြဲစိပ္ထားရပါတယ္။ ကၽြန္ေတာ့္ကို ဂ႐ုစိုက္တဲ့အတြက္ ဆရာဝန္ေတြကို ေက်းဇူးတင္ပါတယ္။ ေနာက္ႏွစ္ အေစာပိုင္းမွာ ျပဳလုပ္မယ့္ MMA ၿပိဳင္ပြဲ ၁ ခုအတြက္ ေလ့က်င့္ေနတာပါ။ ဒါေပမယ့္ အခုေတာ့ ၿပိဳင္ပြဲကို ေနာက္ဆုတ္ရေတာ့မွာပါ။ ဒဏ္ရာ ေပ်ာက္ကင္းသြားရင္ ၿပိဳင္ပြဲမွာ ပါဝင္မွာပါ။ ခ်စ္ခင္ အားေပးမႈအတြက္ အားလုံးကို ေက်းဇူးပါတယ္။“ လို႔ ေရးသားထားပါတယ္။
ဇူဇူက ေနာက္ႏွစ္ အေစာပိုင္းမွာ ဘယ္သူနဲ႔ ထိုးသတ္မလဲဆိုတာကို မသိရေသးပါဘူး။ ဇူဇူ နဲ႔ Elon Musk တို႔ အျပန္အလွန္ စိန္ေခၚေနတာ ၾကာၿပီ ျဖစ္ၿပီး တကယ္ မထိုးၾကေသးပါဘူး။

Ref : dailymail

==================

သိုင်းအချကောင်းလို့ ‌ဆေးရုံတက် ခွဲစိပ်လိုက်ရတဲ့ ဇူဇူ

Facebook ရဲ့ ဘောစိ ဇူဇူဟာ သိုင်းအချကောင်းလို့ ဆေးရုံတက် ခွဲစိပ်လိုက်ရပါတယ်။ သူက နောက်နှစ် အစောပိုင်းမှာ Mixed Martial Art ပြိုင်ပွဲ ၁ ခုမှာ ပါဝင်ဖို့ ရှိပေမယ့် အခုတော့ အဲဒီ အစီအစဉ်ကို ပြောင်းရတော့မယ်လို့ ပြောပါတယ်။
သူဟာ ဆေးရုံက ခုတင်မှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို မျှဝေထားပြီး Caption ကိုလည်း ရေးသားထားပါတယ်။ သူက “ သိုင်းလေ့ကျင့်နေတုန်း ဒဏ်ရာရသွားတဲ့အတွက် အခုပဲ ခွဲစိပ်ထားရပါတယ်။ ကျွန်တော့်ကို ဂရုစိုက်တဲ့အတွက် ဆရာဝန်တွေကို ကျေးဇူးတင်ပါတယ်။ နောက်နှစ် အစောပိုင်းမှာ ပြုလုပ်မယ့် MMA ပြိုင်ပွဲ ၁ ခုအတွက် လေ့ကျင့်နေတာပါ။ ဒါပေမယ့် အခုတော့ ပြိုင်ပွဲကို နောက်ဆုတ်ရတော့မှာပါ။ ဒဏ်ရာ ပျောက်ကင်းသွားရင် ပြိုင်ပွဲမှာ ပါဝင်မှာပါ။ ချစ်ခင် အားပေးမှုအတွက် အားလုံးကို ကျေးဇူးပါတယ်။“ လို့ ရေးသားထားပါတယ်။
ဇူဇူက နောက်နှစ် အစောပိုင်းမှာ ဘယ်သူနဲ့ ထိုးသတ်မလဲဆိုတာကို မသိရသေးပါဘူး။ ဇူဇူ နဲ့ Elon Musk တို့ အပြန်အလှန် စိန်ခေါ်နေတာ ကြာပြီ ဖြစ်ပြီး တကယ် မထိုးကြသေးပါဘူး။

Ref : dailymail