၄ နာရီအတြင္း ေရာင္းကုန္သြားတဲ့ Xiaomi 14 Series

Xiaomi 14 နဲ႔ 14 Pro ကို တ႐ုတ္မွာ ၿပီးခဲ့တဲ့ တစ္ပတ္က ေၾကညာခဲ့ၿပီး ပထမ အသုတ္ကို ေရာင္းခ်ေပးလိုက္ပါၿပီ။ ပထမအသုတ္မွာ ၄ နာရီအတြင္း ပစၥည္းျပတ္ေအာင္ ေရာင္းအား ေကာင္းခဲ့ပါတယ္။ Xiaomi 13 ေရာင္းခ်ခဲ့တုန္းကနဲ႔ ယွဥ္ရင္ Xiaomi 14 ရဲ့ ပထမဆုံး ၅ မိနစ္ ေရာင္းအားဟာ ၆ ဆပိုမ်ားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။
Xiaomi က 14 Series ေရာင္းခ်ရတဲ့ အလုံးေရကို မေျပာပါဘူး။ အဲဒီအတြက္ ပထမအသုတ္မွာ ဘယ္ေလာက္ ေရာင္းခ်ရသလဲ ဆိုတာ မသိနိုင္ပါဘူး။
Xiaomi 14 Series ဟာ Snapdragon 8 Gen 3 Chipset ပါတဲ့ ပထမဆုံး စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ MIUI ကို အစားထိုးထားတဲ့ Xiaomi ရဲ့ Operating System အသစ္ ျဖစ္တဲ့ HyperOS ပါတဲ့ ပထမဆုံး စမတ္ဖုန္းေတြလည္း ျဖစ္ပါတယ္။ Xiaomi က HyperOS ကို ကား၊ တီဗီနဲ႔ Wearables အပါအဝင္ Device မ်ိဳးစုံမွာ အသုံးျပဳမွာပါ။
Xiaomi 14 အတြက္ Memory Configuration မ်ိဳးထုတ္လုပ္ထားၿပီး ေဈးႏႈန္းေတြက 8 GB RAM + 256 GB storage (~$530), 12 GB RAM + 256 GB storage (~$570), 16 GB RAM + 256 GB storage (~$610) နဲ႔ 16 GB RAM + 256 GB storage (~$650) တို႔ ျဖစ္ပါတယ္။
Xiaomi 14 Pro အတြက္ Memory Configuration ၄ မ်ိဳးထုတ္လုပ္ထားၿပီး ေဈးႏႈန္းေတြက 12 GB RAM + 256 GB storage (~$650), 16 GB RAM + 256 GB storage (~$720), 16 GB RAM + 1 TB storage (~$780) နဲ႔ တိုက္ေတနီယမ္ ဖရိမ္ပါတဲ့ 16 GB RAM + 1 TB storage (~$840) တို႔ ျဖစ္ပါတယ္။
Ref : gsmarena
#DigitalTimes

======================

၄ နာရီအတွင်း ရောင်းကုန်သွားတဲ့ Xiaomi 14 Series

Xiaomi 14 နဲ့ 14 Pro ကို တရုတ်မှာ ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပြီး ပထမ အသုတ်ကို ရောင်းချပေးလိုက်ပါပြီ။ ပထမအသုတ်မှာ ၄ နာရီအတွင်း ပစ္စည်းပြတ်အောင် ရောင်းအား ကောင်းခဲ့ပါတယ်။ Xiaomi 13 ရောင်းချခဲ့တုန်းကနဲ့ ယှဉ်ရင် Xiaomi 14 ရဲ့ ပထမဆုံး ၅ မိနစ် ရောင်းအားဟာ ၆ ဆပိုများတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Xiaomi က 14 Series ရောင်းချရတဲ့ အလုံးရေကို မပြောပါဘူး။ အဲဒီအတွက် ပထမအသုတ်မှာ ဘယ်လောက် ရောင်းချရသလဲ ဆိုတာ မသိနိုင်ပါဘူး။
Xiaomi 14 Series ဟာ Snapdragon 8 Gen 3 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ MIUI ကို အစားထိုးထားတဲ့ Xiaomi ရဲ့ Operating System အသစ် ဖြစ်တဲ့ HyperOS ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေလည်း ဖြစ်ပါတယ်။ Xiaomi က HyperOS ကို ကား၊ တီဗီနဲ့ Wearables အပါအဝင် Device မျိုးစုံမှာ အသုံးပြုမှာပါ။
Xiaomi 14 အတွက် Memory Configuration မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 8 GB RAM + 256 GB storage (~$530), 12 GB RAM + 256 GB storage (~$570), 16 GB RAM + 256 GB storage (~$610) နဲ့ 16 GB RAM + 256 GB storage (~$650) တို့ ဖြစ်ပါတယ်။
Xiaomi 14 Pro အတွက် Memory Configuration ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 12 GB RAM + 256 GB storage (~$650), 16 GB RAM + 256 GB storage (~$720), 16 GB RAM + 1 TB storage (~$780) နဲ့ တိုက်တေနီယမ် ဖရိမ်ပါတဲ့ 16 GB RAM + 1 TB storage (~$840) တို့ ဖြစ်ပါတယ်။
Ref : gsmarena
#DigitalTimes