XIAOMI MI 7 ကို မေ ၂၃ တွင် တွေ့မြင်ရဖွယ်ရှိ

Weibo ကနေ ထွက်ပေါ်လာခဲ့တဲ့ ပိုစတာတစ်ခုအရ Xiaomi အနေနဲ့ Mi 7 ကို မေလ ၂၃ ရက်မှာ ပွဲထုတ် မိတ်ဆက်သွားဖွယ်ရှိပါတယ်။ အဲ့ဒီပိုစတာမှာ မီးလောင်နေတဲ့ 7 တစ်ခု ပါဝင်ပြီး Mi တံဆိပ်နဲ့ အတူ မေလ ၂၃ ရက်ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီပိုစတာက Xiaomi ရဲ့ Weibo account ကနေ ထွက်ပေါ်လာတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ Xiaomi Mi 6 ကို ပြီးခဲ့တဲ့နှစ် ဧပြီလက မိတ်ဆက်ကြေညာခဲ့တာကြောင့် Mi 7 ကို အထက်ပါ ပိုစတာမှာဖော်ပြထားတဲ့အတိုင်း မေ ၂၃ ရက်မှာ တွေ့မြင်ရနိုင်ပါတယ်။ ကောလာဟလ သတင်းတွေကတော့ Mi 7 မှာ Snapdragon 845 နဲ့ 8GB RAM ပါဝင်ပြီး in-display fingerprint scanner နဲ့ display ထိပ်ဘက်မှာ notch တစ်ခုပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: GSMArena