
ပဲခူး


=====================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရေဘေးသင့်စာသင်တိုက်များ ၊လူနေရပ်ကွက်များအား စားသောက်ဖွယ်ရာများလှူဒါန်း ကူညီကယ်ထုတ်

ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးမိသားစုမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်း၏ မြေပြင် ကွင်းဆင်း ဦးဆောင်ကွပ်ကဲ လှုပ်ရှားမှုနှင့်အတူ စတုတ္ထအကြိမ် ပဲခူးမြစ်ရေကြီးခြင်း၏ သဘာဝဘေးဒဏ်အားခံစားနေရသော ပဲခူးမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ ၊ လူနေရပ်ကွက်များသို အသင့်စားထမင်းဗူးများ လှူဒါန်း ဆက်ကပ် ဝေဌခြင်း ကူညီကယ်ဆယ်ခြင်းတိုအား အောက်တိုဘာ (၈) ရက်နေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွှက်ခဲ့ပါသည်။
အောက်တိုဘာလ(၉)ရက်နေ့နံနက်ပိုင်းကလဲ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဆောင်သောအဖွဲသည် ခရိုင်၊ မြိုနယ် ပါတီကော်မတီဝင်များလိုက်ပါလျှက် ပဲခူးမြိုအတွင်းရှိ ကြခတ်ဝိုင်းစာသင်တိုက်တွင် ဝါဆို/ ဝါကပ်သီတင်းသုံးတော်မူသော သံဃာတော်အပါး(၂၅၀)အတွက် အသင့်စားထမင်းဗူးများ ၊ ရေသန့်ကဒ်၊ အချိုရည်ဗူးများ၊ ခေါက်ဆွဲခြောက်ဖာများအားသွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေကြီးနစ်မြှပ်နေသော ပန်းလှိင်ရပ်ကွက် ၊ပုဏ္ဍားစုရပ်ကွက်၊ မှော်ကန်ရပ်ကွက်များရှိ ပြည်သူအများအား အသင့်စားထမင်းထုပ်များအိမ်အရောက်သွားရောက်ဝေဌခြင်း ကယ်ဆယ်ရေးစခန်းများသိုလှူဒါန်းခြင်း ၊နေအိမ်များတွင် ပိတ်မိနေသောသက်ကြီးရွယ်အိုများ ပြည်
သူအများအား နေအိမ်များမှ
ရေလွှတ်ရာသိုကူညီကယ်ထုတ်ခြင်း ၊ နေရာရွှေ့ပြောင်းခြင်းတိုအားဆောင်ရွှက်ခဲ့ပြီး ယနေ့ညတွင် ဖယောင်းတိုင်အထုပ်များ ၊အသင့်စားထမင်းဗူးများ ၊ရေသန့်ကဒ်များအား ယခုအချိန်အထိ အိမ်များအရောက်ကွင်းဆင်းဝေဌလျှက်ရှိပါသည်။