ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်

ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီသည် ဇွန်လ၏ မြိုနယ်ကော်မတီ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို မြိုနယ်အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ မြိုနယ်ပါတီဥက္ကဌဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦးနှင့်မြိုနယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ကျောက်ဆည်ခရိုင်ပါတီဥက္ကဌဦးအောင်မြင့်သန်း မှ မြိုနယ်ကော်မတီဝင်များအနေဖြင့် မိမိတိုနယ်မြေအတွင်း ရပ်ကျေးကော်မတီဝင်များနှင့် အချိတ်အဆက်မိမိ ရှိကြဖို၊ချမှတ်ထားသော လုပ်ငန်းစဉ်များကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးကြဖို၊မြိုနယ်ကော်မတီဝင်တစ်ဦးခြင်းအလိုက် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ထိုနောက် မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ (၉၇)အုပ်စုရှိ ရပ်ကျေးပါတီဥက္ကဌ၊ ကော်မတီဝင်များနှင့် ထိတွေ့ဆက်ဆံရေး၊ အမျိုးသမီးရေးရာ ဖွဲစည်းမှု ပြီးစီးအောင်ဆောင်ရွက်ရန်၊ကဏ္ဍာကြီး (၈)ရပ်အား အောင်မြင်အောင်ဆောင်ရွက်ရန် နှင့် ဗဟိုပါတီ/တိုင်းပါတီ/ခရိုင်ပါတီ ၏ လမ်းညွန်ကြားချက်များအား ရှင်းလင်းတင်ပြပြီး လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။
ပါတီအတွင်းရေးမှူး ဦးတင်မင်းမြတ်ဦး မှ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်၊ နယ်မြေကွင်းဆင်းခြင်း မှတ်တမ်းရေးသားခြင်းကိစ္စအားရှင်းလင်းတင်ပြပြီး၊ ဘဏ္ဍာရေးမှူးမှ ငွေစာရင်းရှင်းတန်းများတင်ပြခြင်း၊ ပါတီစည်းကမ်းထိမ်းသိမ်းရေး ဦးခင်မောင်ဝင်း မှ လူထုတွေ့ဆုံပွဲတွင် ယခင်တွေ့ဆုံပွဲများထက် ပြီးပြည့်စုံအောင် ဆောင်ရွက်ဖိုလိုကြောင်း ကဏ္ဍအလိုက်လုပ်ဆောင်ကြဖို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြပြီး ၊ မြိုနယ်ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို နေ့လည် (၁၁း၃၀) တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုတင် kse