Samsung ကို ကျော်ပြီး ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ Apple

ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၂ ခုနှစ် ကွာတား ၄ မှာ ကြီးမားစွာ ပြောင်းလဲခဲ့တယ်လို့ Counterpoint Research ရဲ့ မကြာခင်က စစ်တမ်းက ဖော်ပြနေပါတယ်။ အကြီးမားဆုံးပြောင်းလဲမှုက Apple ဟာ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဖြစ်ခဲ့တာပါ။

၂၀၂၂ ခုနှစ်ရဲ့ ကွာတား ၂ နဲ့ ၃ မှာ Apple ရဲ့ စမတ်ဖုန်း ဈေးကွက်ဝေစုဟာ ၁၆ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းရာသီမှာ iPhone 14 Series ကို ရောင်းချပြီးနောက်မှာ ဈေးကွက်ဝေစုဟာ ကွာတား ၄ မှာ ၂၃ ရာခိုင်နှုန်းအထိ တက်လာပါတယ်။

စမတ်ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခုထဲမှာ Apple နဲ့ OPPO ဟာ ကွာတား ၄ မှာ အတိုးတက်ဆုံး ဖြစ်ပြီး ရောင်းအားက ၄၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်း အသီးသီး တက်လာပါတယ်။

Samsung ကတော့ ကွာတား ၄ မှာ ရောင်းအား သိသိသာသာ ကျခဲ့ပြီး အရင်နှစ်ကထက် ၁၆ ရာခိုင်နှုန်းကျခဲ့ပါတယ်။ အရင်ကွာတားထက် ၉ ရာခိုင်နှုန်းကျခဲ့ပြီး စမတ်ဖုန်း အလုံးရေ ၅၈.၃ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ ဈေးကွက်ဝေစုက ၁၅ ရာခိုင်နှုန်းအထိ ကျခဲ့တဲ့အတွက် Apple က ကျော်တက်ကာ နံပါတ် ၁ နေရာကို လုယူနိုင်ခဲ့ပါတယ်။

Ref : gizchina