ကုမ္ပဏီ၏ ပထမဦးဆုံးဒရုန်းကို GoPro တရားဝင်မိတ်ဆက်

အက်ရှင်ကင်မရာများကို ထုတ်လုပ်ရောင်းချသည့် GoPro သည် ၎င်း၏ ပထမဦးဆုံး ဒရုန်းဖြစ်သော Karma ကို တရားဝင် မိတ်ဆက်ပေးခဲ့သည်။

the-karma-is-gopros-first-ever-drone

Karma ဒရုန်းကို GoPro ၏ Hero 5 Black, Hero 5 Session နှင့် Hero 4 ကင်မရာများဖြင့် အသုံးပြုနိုင်သည်။ ဒရုန်းကို အလွယ်တကူ သယ်ဆောင်သွားနိုင်ရန်အတွက် ခေါက်ထားနိုင်သည့်ဒီဇိုင်းဖြင့် ဖန်တီးထားသည်။

“ဒီဒရုန်းကို လူတိုင်းအသုံးပြုနိုင်အောင်ဖန်တီးဖို့ ကျွန်တော်တို့ဆန္ဒရှိခဲ့ပါတယ်။ Karma ကို အလွယ်တကူ ထိန်းချုပ် အသုံးပြုနိုင်တာနဲ့ ပတ်သက်ပြီး လူတွေက အံ့အားသင့်ကြပါလိမ့်မယ်။ ပြိုင်ဘက်ဒရုန်းတွေလိုပဲ Karma မှာ ဒရုန်း အတက်၊ အဆင်းနဲ့ မူလနေရာကို ပြန်လှည့်လာစေဖို့အတွက် ခလုတ်တွေပါဝင်ပါတယ်။ Setup လုပ်ငန်းစဉ်မှာ လည်း သုံးစွဲသူအသစ်တွေကို ဒရုန်းမောင်းနှင်ပုံနဲ့ ပတ်သက်ပြီး သင်ကြားပေးမယ့် flight simulator တစ်ခုကို ထည့်သွင်းပေးထားပါတယ်” ဟု GoPro အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ နစ်ခ်ဝုဒ်မန်းက ထုတ်ကုန်ကို မိတ်ဆက်ကြေညာသည့် ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါဒရုန်းကို အောက်တိုဘာလ ၂၃ ရက်တွင် ၇၉၉.၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ Bundle ဈေးနှုန်း မှာ Hero 5 Session ဖြင့်ဝယ်ယူပါက ၉၉၉ ဒေါ်လာဖြစ်ပြီး Hero 5 Black ဖြင့် ၁,၀၉၉ ဒေါ်လာကျသင့် မည်ဖြစ်သည်ဟု သိရသည်။

# Internet Journal


Leave a Reply