အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် မြောက်ကိုရီးယားက သတိပေးပြီးနောက် တာဝေးပစ်ဒုံးကျည်တစ်စင်းကို ပစ်လွှတ်

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု သတိပေးပြီးနောက် မြောက်ကိုရီးယားသည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယနေ့ စနေနေ့တွင် ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်။

ပစ်လွှတ်ပြီး တစ်နာရီကျော်အကြာတွင်မူ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ၎င်းသည် မြောက်ကိုရီးယား၏ အကြီးဆုံး ဒုံးကျည်များအနက်မှ တစ်ခုဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ .

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာသို့ မဆိုဆို ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်များ(ICBMs)အပါအဝင် မကြုံစဖူးသော ဒုံးကျည်အရေအတွက်ကို ပြီးခဲ့သည့်နှစ်အတွင်းက စမ်းသပ်ပစ်လွှတ်ခဲ့သလို၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးနျူကလီးယား စမ်းသပ်မှုအတွက် ပြင်ဆင်မှုများကိုလည်း ပြန်လည်လုပ်ဆောင်နေကြောင်း သိရသည်။m