မြန်မာနိုင်ငံတွင် မြန်မာနှင့် ရုရှား ပူးပေါင်းဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းအတွက် နေရာ ခြောက်ခုမှ လျှပ်စစ်မဂ္ဂါဝပ် ၈၁၀၀ ကျော် ထုတ်လုပ်နိုင်မည်

မြန်မာနိုင်ငံတွင် မြန်မာနှင့် ရုရှား ပူး ပေါင်းဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံ ကိန်းအတွက် နေရာ ခြောက်ခုမှ လျှပ်စစ်မဂ္ဂါဝပ် ၈၁၀၀ ကျော် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RuQian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၁၃ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်၂၇ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက SMR အတွက် ကနဦးလေ့လာဆန်းစစ်ချက်များတွင် လိုအပ်သော အခြေခံအချက်အလက်များကိုလည်း Working Group အဖွဲ့များ ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း၊ ROSATOM  မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်သော လေအားလျှပ်စစ်၊ အသေးစားရေအားလျှပ်စစ်များကိုလည်း မြေပြင်တွင် သွားရောက်လေ့လာ ကြည့်ရှုဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အထူးသဖြင့် လေအားလျှပ်စစ် ထုတ်လုပ်မှုကို အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်း မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုကြောင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခဲ့သည့် (၇၅) နှစ်မြောက်ကာလအတွင်း မိမိတို့နိုင်ငံကို ယခုကဲ့သို့ ကူညီဆောင်ရွက်ခဲ့မှုကို များစွာအသိအမှတ်ပြု ကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RuQian State Atomic Energy Corporation “ROSATOM”၏   Deputy Director General Mr. SpaQkiy Nikolayက မိမိတို့အနေဖြင့် အပူစွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ခြင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကာလကြာရှည်စွာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သော သဘောတူစာချုပ်များ ဆက်လက်ရေး ထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov က နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည်စီမံကိန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ယခုဆောင်ရွက်မည့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် တည်ဆောက်ချိန် ကြာမြင့်မှု မရှိဘဲ ရေရှည်လည်ပတ်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကိုယ်စား “ROSATOM” တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IGA) မူကြမ်းကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံ ရေးဦးစီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Rusatom Energy Project, Joint Stock Company တို့ အကြား အသေးစား အပူ စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းအတွက် ဆောင်ရွက် ရမည့် တာဝန်ဝတ္တရားများ (Terms of Reference – TOR) ကို လည်းကောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for increasing public acceptance of atomic technologies in Myanmar ကို လည်းကောင်း နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။