ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်များသို့ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ ယနေ့စတင် စေလွှတ်မည်

ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့်ရန် နိုင်ငံတကာလေ့လာစောင့်ကြည့် ရေးအဖွဲ့တစ်ခုမှ ကိုယ်စားလှယ်များကို လစ်လပ်မဲဆန္ဒနယ် ၁၉ ခု သို့ ယနေ့စေလွှတ်နေရာချမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

နိုင်ငံတကာလေ့လာစောင့် ကြည့်ရေးအဖွဲ့ Asian Network for Free Elections (ANFREL) က မတ်လ ၂၃ ရက်တွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ၁၆ ဦး စေလွှတ်၍ နေရာချထား မည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ မစ္စတာ Damaso Mag−bual က ပြောသည်။ ANFREL အဖွဲ့မှာ ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် လေ့လာစောင့်ကြည့် ခဲ့သော ပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်သည်။

‘‘မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့က ပံ့ပိုးကူညီပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တာပါ။ အဓိက စောင့်ကြည့်ရမယ့် မဲဆန္ဒနယ်တွေ ကိုလည်း သုတေသန လုပ်သလိုမျိုး စစ်တမ်းကောက်ပြီး စောင့်ကြည့်သွားမယ်။ မိုင်ရှူး၊ ကျေးသီးစတဲ့ မြို့တွေမှာ စောင့်ကြည့် မယ်ဆိုရင် ကိုယ့်လုံခြုံရေးအတွက်လည်း စဉ်းစားထားရပါတယ်’’ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ရာမှ ရရှိလာသည့် ကြိုတင်မဲနှင့် ပတ်သက်၍ မဲရုံဝန်ထမ်းများကို သင်တန်းပေးမှုအားနည်းခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အားနည်းခြင်းများ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပြင်ဆင်သင့်သည့် အချက်များကိုအခြေခံပြီး ယခုကြားဖြတ် ရွေးကောက်ပွဲ တွင် လေ့လာစောင့်ကြည့်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်၊ ကမ္ဘောဒီး ယား၊ နီပေါ၊ အိန္ဒိယ၊ စင်ကာပူ စသည့် နိုင်ငံများမှ အတွေ့အကြုံရှိသည့် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများက စောင့်ကြည့်မည်ဖြစ်သည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုအပြီးတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြစ်စဉ်များကို အစိုးရအဖွဲ့က ဆောင်ရွက်မှု အခြေအနေတို့ကို ထပ်မံစောင့်ကြည့်မည်ဖြစ်ကြောင်း မစ္စတာ Damaso Magbual ပြောသည်။

ANFREL အဖွဲ့ကို ၁၉၉၇ တွင် ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၈ တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် စတင်ပံ့ပိုး ကူညီပေးခဲ့ကြောင်း သိရသည်။

# 7 Day Daily