Rolex နာရီကို အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ iPhone 14 Pro/Max

Caviar က iPhone 14 Pro မော်ဒယ်တွေရဲ့ Grand Complications Series ကို ကြေညာလိုက်ပါတယ်။ Cosmograph Daytona Rolex နာရီကို iPhone 14 Pro Max ရဲ့ အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Limited Edition iPhone 14 Pro Max ဖြစ်ပြီး တန်ဖိုးကြီး ဖုန်း ဈေးကွက်နဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ကား မောင်းသူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားပါတယ်။

Rolex နာရီ ပါတဲ့ iPhone 14 Pro Max ကို ၃ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။ ရှုပ်ထွေးတဲ့ စက်မှု နည်းပညာတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး နာရီမှာ ၄၀ မီလီမီတာ Dial နဲ့ စိန် ၈ လုံး ပါပါတယ်။ တိုက်တေနီယမ်နဲ့ တည်ဆောက်ထားတဲ့ Multi-layer Case ကိုယ်ထည် တပ်ဆင်ထားပြီး အနက်ရောင် PVD Coating ပါပါတယ်။ ၁၉၃၀ ခုနှစ်က Daytona ပြိုင်ကား Control Panel က ပစ္စည်းတွေနဲ့ အလှဆင်ထားပါတယ်။

iPhone 14 Pro Limited-edition 128GB မော်ဒယ်ကို ဒေါ်လာ ၁၃၃,၆၇၀ ၊ iPhone 14 Pro Max 1TB မော်ဒယ်ကို ဒေါ်လာ ၁၃၄,၂၅၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၃ ထောင်နီးပါး ရှိပါတယ်။ အဲဒီ ဖုန်း ၂ လုံးစလုံးကို အနည်းငယ်ပဲ ထုတ်လုပ် ရောင်းချမှာပါ။

 

ref : gizmochina