မြန်မာ-တရုတ် နှစ်နိုင်ငံ ကုလသမဂ္ဂနှင့်အာဆီယံတွင် နှစ်နိုင်ငံကြားပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးအား ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အထူးဆွေးနွေးခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီက ပုဂံမြို့၊ နန်းမြင့်မျှော် စင်၊ဘုရင့်နောင်ခန်းမ၌ တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးအား ပိုမိုမြှင့်တင်သွားရေး၊ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓါတ်မြေဩဇာများ မြန်မာနိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး၊မြန်မာနိုင်ငံမှ လယ်ယာနှင့်ရေထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာပညာသင်များအား တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့်နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှု ချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာများအ ပြင် ကုလသမဂ္ဂနှင့်အာဆီယံတွင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးအား အထူးဆွေးနွေးခဲ့ကြသည်။

အလားတူ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှလည်း အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်မှု မပြုရေးမူဝါဒနှင့်အာဆီယံပဋိညာဉ်၊ အခြေခံမူများအား အခြေခံကာ အာဆီယံတူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှ မြန်မာနိုင်ငံ၏ နောက်ဆုံးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် နစက ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ် အောင်မြင်စွာဖော်ဆောင်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်း ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ၊စီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်၊တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)အဆင့်မြှင့်တင်ရေးစီမံကိန်းသဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း အဆင့်မြှင့်တင်ရေးစီမံ ကိန်းသဘောတူညီချက်၊တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ လှူဒါန်းသည့် ယွမ် ၁၀ ဒသမ ၅ သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များနှင့်မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယွမ် ၃၂ သန်းတန်ဖိုးရှိ အရေးပေါ် ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းပေးအပ်/လက်ခံလွှာ၊တ ရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ ၁၀၀၀ လွှဲပြောင်းပေး အပ်/လက်ခံလွှာတို့အား မြန်မာနိုင်ငံမှတာဝန်ရှိသူ များနှင့် နိုင်ငံခြားရေးဝန်ကြီးများရှေ့၌ မြန်မာနိုင် ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လွှဲပြောင်းလက်ခံလဲလှယ်ခဲ့သည်။