သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထက (၂) ကျောင်းသို့ အမှိုက်ပုံးများနှင့် အလှူငွေများ လှူဒါန်း

 

ရန်ကုန် သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ အမှိုက်ပုံးများနှင့် အလှူငွေ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီက လှူဒါန်း ခဲ့ကြကြောင်း သိရ သည်။

ယင်းသို့လှူဒါန်းရာတွင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယက ဒေါက်တာ ဦးမြင့်သိန်းက ကျောင်းစာသင် ခန်းများအတွင်း အသုံးပြုရန်အမှိုက် ပုံး၁ဝပုံးနှင့် ဦးတင်ထွဋ်က ကျောင်းအထွေထွေအသုံးစရိတ် အဖြစ် အလှူငွေကျပ် သုံးသောင်းတိတိတို့ကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးဝင်းနိုင်ထံ ပေးအပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။ကြည်စိုးလွင်(သုံးခွ)