ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ တနင်္သာရီတိုင်း ဒေသကြီး တိုင်းအရန်ပါတီကော်မတီဝင် ဦးဟန်စိန်၊ ထားဝယ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်မြင့်နှင့် ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝဏ္ဏကျော်တို့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ဆရာတော်အားဖူး မြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းနှင့် ဘာဇေယျဋ္ဌာနီတိုက် ကျောင်းဆရာတော်ထံမှ အနုမော ဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။ ယင်းနောက် ရေဖြူမြို့နယ် ပေါက်ပင်ကွင်းဒေသခံများနှင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကြောင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝဏ္ဏကျော်