ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းမှုကို ယနေ့နံနက် ၈နာရီက ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလှူဒါန်းမှုကို မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှ ပါတီဝင် ၁ဝ၆ ဦး လာရောက်ခဲ့ပြီး ၅၇ဦး သွေးလှူဒါန်းခဲ့ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း သွေးလိုအပ်နေသူများ အဆင်ပြေစေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ချမ်းမြအေး၊ လသာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်တို့ ဦးဆောင်၍ မြောက်ပိုင်းခရိုင်ရှစ်မြို့နယ်များမှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်သွေးလှူရှင် ၅၇ ဦးတို့က သွေးလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ သုခ