ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့ ဝှေခါကျေးရွာတွင် မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအား အလှူငွေများ ထောက်ပံ့လှူဒါန်း

ကချင်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အဖွဲ့သည် ဝှေခါကျောက်စိမ်းတွင်း မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအတွက် အလှူ ငွေကျပ်သိန်း ၃ဝ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးမြအုန်းနှင့် ဦးထွန်းဖေ၊ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်နှင့် မြို့နယ် ကော်မတီဝင်များသည် ယမန်နေ့ ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ဝှေခါကျောက်စိမ်းတွင်း၌ မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအား အလှူငွေ ကျပ်သိန်း ၃ဝ ထောက်ပံ့လှူဒါန်းခဲ့ကြရာ ဝှေခါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြောင်း သိရသည်။