ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ကန်ပက်လက်မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

မတ်​(၆)၊ကန်​ပက်​လက်​ သုတ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ နံနက်​ ၈ နာရီ ၃၀ မိနစ်​က ကန်ပက်​လက်​မြို့နယ်​ ပါတီရုံးခန်းမတွင်​ ကန်​ပက်​မြို့နယ်​ပါတီ မြို့နယ်​၊ ရပ်​ကွက်​နှင့်​​ ကျေးရွာအုပ်​စု တာဝန် ရှိသူများ၊ ပါတီဝင်​များနှင့်​ တွေ့ဆုံခဲ့သည်​။

ထိုသို့​တွေ့ဆုံရာတွင်​ ကန်​ပက်​လက်​မြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးမနားနိုင်းမှ မြို့နယ်​ပါတီတို့၏ ပါတီလုပ်​ငန်း​ဆောင်​ရွက်​ထားရှိမှုအ​ခြေအ​နေများကို ရှင်းလင်းတင်​ပြခဲ့သည်​။ ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်ထွေးမှ အမှာစကား​ ပြောကြားခဲ့ပြီးနောက်​ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်းမှလည်း လိုအပ်​သည်​များကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်​။

ထို့​နောက်​ ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်​အမှာစကား​ ပြောကြားခဲ့ပြီး ပါတီဝင်​များက တင်​ပြ​မေးမြန်းလာမှုများအ​ပေါ် ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်​အဖွဲ့မှ ပြန်​လည်​​ဖြေကြား​ဆွေး​နွေး၍ ပါတီဝင်​များအား ရင်းရင်းနှီးနှီးနှုတ်​ဆက်​ကာ ပြည်​ခိုင်​ဖြိုးပါတီ ပြက္ခဒိန်​များနှင့်​ အိတ်​​ဆောင်​ပြက္ခဒိန်​များကို ဖြန့်​​ဝေ​ပေးခဲ့သည်​။ တွေ့ဆုံရာသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်း၊ ပါတီဗဟို​ကော်​မတီဝင်​များ ဖြစ်​ကြ​သော ဦးဆန်​ကျုံး၊ ချင်းပြည်​နယ်​ ပါတီအတွင်း​ရေးမှူး ဦးကျုံးဘိခ်​၊ မင်းတပ်​ခရိုင်​ ပါတီဥက္ကဋ္ဌ ဦးထန်း​လှေ့၊ ကန်​ပက်​လက်​မြို့နယ်​ပါတီ ဥက္ကဋ္ဌ ဦးမနားနိုင်း၊ ကန်​ပက်​လက်​မြို့နယ်​ ပါတီအတွင်း​ရေးမှူး ဦးကီးပိုင်း၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။