ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီမြို့နယ် ရပ်မိရပ်ဖများ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးသည် တိုင်းဒေသကြီးနှင့် မြိတ်ခရိုင် ပါတီဥက္ကဋ္ဌအဖွဲ့နှင့်အတူ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၂ဝ က တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ ရပ်မိရပ်ဖများဖြင့် လည်းကောင်း၊ မွန်းလွဲ ၁၂နာရီ မိနစ် ၄ဝ တွင် သာသနာ့ ရက္ခိတကျောင်းတိုက် ဓမ္မာရုံတွင် ဇဝဲကျေးရွာအုပ်စု ပါတီကော်မတီဝင်များနှင့် ရပ်မိရပ်ဖများဖြင့်လည်းကောင်း တွေ့ဆုံ ပွဲ အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်က မြို့နယ်အတွင်း ပါတီလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး ပါတီ ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား မိမိတို့၏ဒေသများ၌ လိုအပ်သည့်အခက်အခဲများ တင်ပြဆွေးနွေးပါရန် ပြောကြားခဲ့ရာတွင် ၄င်းတို့က ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ပါတီအောင်နိုင်ရေး အတွက် စည်းရုံးရေးလုပ်ငန်းများနှင့် ရပ်ကွက်ကျေးရွာများ၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရန်လိုအပ်သည် များနှင့် အခက်အခဲများကို ဒေသအလိုက် တာဝန်ရှိသူများက အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။

ထို့နောက် မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်တို့က မြို့နယ်ခရိုင်နှင့် တိုင်းဒေသကြီးအတွင်း ပါတီလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်းသိရသည်။ ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးက တွေ့ဆုံပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ဒေသခံပြည်သူများ၊ ပါတီဝင်များ ထံမှအခက်အခဲများ၊ ပြည်သူ့အသံ များသိရှိလိုသဖြင့် လာရောက်တွေ့ ဆုံနားထောင်ပြီး ပြည်သူများ၊ ပါတီဝင်များ၏ တင်ပြချက်၊ ဆွေးနွေးချက်များအပေါ် အဖြစ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်း ပြောကြားပြီး ပါတီအောင်နိုင်ရေးအတွက် ပါတီရှေ့လုပ်ငန်းစဉ်များကို အားသွန် ခွန်စိုက် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူ များအား ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ဓာတ်ပုံပါရှိသော ပြက္ခဒိန်များကို အမှတ်တရလက်ဆောင် ဖြန့်ဝေပေးကာ အခမ်းအနားကို အောင်မြင်စွာရုပ် သိမ်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုးနှင့် ပါတီကော်မတီဝင်များ၊ မြိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် ပါတီ ကော်မတီဝင်များ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်စိုး၊ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ ပါတီအတွင်းရေးမှူး ဦးသန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ၊ ပါတီကို စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြသည်။ ဖြူမျိုး(တနင်္သာရီ)