ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ကျားဟုန်းကျေးရွာ မိဘပြည်သူများနှင့် တွေ့ဆုံ

 

(ဖေဖေါ်ဝါရီ) ၂၃

ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ​ဒေါက်တာစန်းစန်းနွယ်၊ အရန်ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ရန်ကုန်မြောက်ပိုင်း ခရိုင် ထန်းတပင်မြို့နယ် ကျားဟုန်းကျေးရွာအုပ်စု ကျားဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ နံနက် (၁၁း၃၀) အချိန်ကျေးရွာရှိ ရပ်မိ/ရပ်ဖများဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ မိတ်ဆက်ကြပြီး ရေနွေးကြမ်း စကားဝိုင်း ကျင်းပပြုလုပ်ကြသည်။

စကားဝိုင်းတွင် ဗဟိုအတွင်းရေးမှူး အရန်ဗဟိုကော်မတီဝင် မြို့နယ်ပါတီဥက္ကဋ္ဌတို့မှ လက်ရှိနိုင်ရေးအခြေအနေ စီးပွားရေး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးပြောကြပြီး ဒေသခံများမှ သိလိုသည့် လက်ရှိဖြစ်ပေါ် နေသော ခိုးဆိုးလူယက်မှုများ ပေါများခြင်း (ICJ) မှ တရားစွဲဆိုမှုများ ကလေးမွေးစား ဥပဒေအကြောင်း အရာများ ကုန်းဈေးနှူန်းတက်ခြင်း ကိစ္စများ လျှပ်စစ်မီတာ အခွန်တိုးကောက်မှုများ အားမေးမြန်းကြရာ ဗဟိုအတွင်းရေးမှူး အရန်ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင် မြို့နယ်ပါတီဥက္ကဋ္ဌတို့မှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ရှင်းလင်းပြောကြား အပြီးတွင် ကျားဟုန်းကျေးရွာ ဘုန်းတော်ကြီးအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရှိရသည်။  တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ပါတီကော်မတီဝင် ဦးလှဝင်း ဒေါ်အေးသီတာထွန်း ဦးသန်း လွင် အရန်ကော်မတီဝင်များ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်လတ်တို့ လိုက်ပါကြောင်း သိရသည်။ ဆက်လက်၍ ပတ်အင်းကလေး ကျေးရွာအုပ်စု ပတ်အင်းကလေးကျေးရွာ ဘုန်တော်ကြီးကျောင်း ဓမ္မာရုံ၌ မွန်းလွဲ (၀၂း၀၀) အချိန် အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။