ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီးမှ Covid-19 ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

 

ဇွန် ၁၄၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုမှ ၁၄-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့​ဆေးရုံ၊ ကြို့ပင်တိုက်နယ်ဆေးရုံ၊ ရေနံ့သာတိုက်နယ်ဆေးရုံ၊ ရေနံ့သာ အ.ထ.က ကျောင်းများအတွက် Covid – 19 ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။