ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ အောင်လံမြို့နယ်တွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မူ့ ပြုလုပ်

 

ဖေဖော်ဝါရီ၂၃ ၊အောင်လံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၏ စီစဉ်မူ့ဖြင့် အောင်လံမြို့နယ် ကျောက်ပန်းတောင်းအခြေစိုက် စခန်းကြီးကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ ပြည်သူလူထုအား အခမဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးခြင်းကို အထူးကု ဆရာဝန်များဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောက်ပန်း တောင်း၊ လက်ပံတုန်း၊ စခန်းကြီး၊ စမြ၊ ရွှေသူဌေး စသည့် ကျေးရွာများမှ မိဘပြည်သူ (၄၀၀) ကျော် အား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မူ့ လုပ်ငန်းကို ဗဟိုအတွင်း ရေးမှူး  ဦးတင်အောင်ချစ်ကိုယ်တိုင် တက်ရောက်အားပေးပြီး ဆေးကုသမှုခံယူရန် ရောက်ရှိလာသော ပြည်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ပါသည်။ ပြည်ခိုင်ဖြိုးပါတီမှ အောင်လံမြို့နယ်အတွင်း အခမဲ့ကျန်းမာရေး စောင့်ရှောက်မူ့ ပေးနေခြင်း သည် ယခုတစ်ကြိမ်တွင် သုံးကြိမ်​မြောက်ဖြစ်ပြီး ဒုတိယနေ့အဖြစ် မြို့လှကျေးရွာတွင် ဆက်လက်ကုသ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။