ပျော်ဘွယ်မြို့နယ်က ကျေးရွာနှစ်ဆယ်ဝန်းကျင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သွားမယ်

 

ပျော်ဘွယ်၊ ဖေဖော်ဝါရီ ၂၃

ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကျေးရွာနှစ်ဆယ်ဝန်းကျင်းကို လျှပ်စစ်မီးရရှိရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က လျှပ်စစ်မီးရရှိရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာသူ၊ ကျေးရွာသားတွေ စိုက်ထုတ်ငွေနဲ့ ပူပေါင်းဆောင်ရွက်ပေးမူ့ကြောင့် လျှပ်စစ်မီးရရှိတာဖြစ်တဲ့ အတွက်ကြောင့် အထူးကျေးဇူးတင်ရှိတဲ့ အကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ညောင်နီပင်ကျေးရွာမှာ လျှပ်စစ်မီးရရှိရေး ဖွင့်လှစ်ပွဲကို ကျေးရွာသူကျေးရွာသားတွေရဲ့ ဖိတ်ကြားမူ့ကြောင့် သွားရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။