ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)မှ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သံတွဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကော်မတီဝင် ပြည်နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခိုင်ဇင်ဦးမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်မှ သံတွဲခရိုင်ပါတီ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား လည်းကောင်း၊ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်မှ မြို့နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ဂွမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်အောင်မှ ဂွမြို့နယ်၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများမှ လိုအပ်သည်များအား တင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)မှ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည်(၁၂း၃၀)အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ သံတွဲ မြို့နယ်ဥက္ကဋ္ဌ ဦးစန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်းအင်အား(၇၈)ဦးတက်ရောက်ခဲ့ကြသည်။

TM