ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ်များ လစဉ်ပုံမှန် အစည်းအဝေး

 

ယနေ့ (၂၇.၈.၂၀၁၉) နေ့တွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ပါတီရုံး အခန်းမတွင် ကျင်းအသော မြို့နယ်ပါတီ ကော်မတီ ဝင်များ လစဉ်ပုံမှန် အစည်းဝေးနှင့် လူငယ်တွေ့ဆုံ အစည်းဝေးကို နံနက် (၉း၃၀) တွင် စတင်ကျင်းပခဲ့ပြီး မြင်းခြံ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်မှ စတင်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုမှ မြို့နယ်ကော်မတီဝင်များ ပါတီလုပ်ငန်းနှင့် မိမိနယ်မြေကွင်းဆင်းကြဖို့ ဆွေးနွေးပြောကြားပြီး နောက်မြို့နယ် အတွင်းရေးမှူး ဦးစိုးနိုင်မှ လူငယ်များကို ပါတီအတွက်လုပ်ဆောင်ရမည့် ကဏ္ဍများအကြောင်း ပါတီအတွင်း စည်းရုံးရေး အကြောင်းပြောကြား ခဲ့ပါသည်။ ၎င်းအစည်းဝေးကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ မြို့နယ်ပါတီ ဥက္ကဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းမော်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ် ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး အစည်းဝေးကို နေ့လည် (၁၁း၄၅) အချိန်တွင် အစည်းဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါသည်။ ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး