ဖောင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပိုးစာကုန်းကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ဖောင်းပြင် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာအုပ်စု ပိုးစာကုန်းကျေးရွာ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်ထွန်းနေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ က ပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် အခမ်းအနားသို့ ဖောင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အတွင်းရေးမှူး ခရိုင်ပါတီ ကော်မတီဝင်များနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပြီးချိန်တွင် ဒေသခံပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံပြီး သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ခေါင်းစဉ် ဖြင့် ရေနွေးကြမ်းစကားဝိုင်းကို ပြုလုပ်ခဲ့သည်။

မျိုးမြင့်အောင်(ဖောင်းပြင်)