ဗဟိုအလုပ်အမှုဆောင် (ရှမ်း/အရှေ့)နယ်မြေတာဝန်ခံ ဦးစိုးနိုင် မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် (ရှမ်း/ရှေ့)နယ်မြေတာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းအရှေ့ မိုင်းယောင်း မြို့နယ် ရပ်မိရပ်ဖများနှင့် မိုင်းယောင်းပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေ့ဆုံခဲ့သည်။အဆိုပါတွေ့ဆုံပွဲတွင် ရှမ်း/ရှေ့ မိုင်းယောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းမှပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်အား ရပ်မိရပ်ဖများနှင့် မိတ်ဆက် ပေးခဲ့ပြီးနောက် မြို့နယ်ပါတီကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာဖတ်ကြား တင်ပြ ခဲ့သည်။
ထို့နောက်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်ကဆွေးနွေးတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ပါတီဝင်အင်အားများကိုအခြေခံပြီး အခြေခံအဖွဲ့များအဆင့်ဆင့်ဖွဲ့စည်းရာတွင် လူမှန်နေရာမှန်ရွေးချယ်ပေးရေး၊ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာစေရေး၊ ပါတီတွင်းစည်းလုံးညီညွတ်ရေး၊ပါတီတွင်းဒီမိုကရေစီ ရှင်သန် ထက်မြက်ရေးအတွက် စုပေါင်းတာဝန်ယူကြရေး၊ ပါတီတာဝန်ရှိသူ အဆင့်ဆင့်မှ မိမိပါတီဝင် တစ်ဦးချင်းစီအထိ ကွင်းဆင်းထိတွေ့ ဆောင်ရွက်ကြရန်၊ ပါတီဝင်များစွမ်းရည်ရှိအောင် အမြဲတမ်းသင်ယူ ကြိုးစားဆောင်ရွက်ကြရန်၊ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့ ပါတီအဖြစ် ပါတီကို သက်ဝင်ယုံကြည်ပြီး အမျိုးသားရေစိတ်ဓာတ်၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသောစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပါတီဝင်အားလုံးက လက်တွေ့ပါသော စည်းရုံးရေးများဖြင့် အားသွန်ခွန်စိုက် ထိထိ ရောက်ရောက် ရဲဝံ့စွာ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ရပ်မိရပ်ဖနှင့် ရပ်/ ကျေး ပါတီဝင် အင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

Union daily