ရှမ်း(တောင်) ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ကျိုင်းတောင်း ရပ်မိရပ်ဖများ ပါတီဝင်များနှင့် တွေ့ဆုံ

 

မိုးနဲ ဇွန် ၁၃

ရှမ်းပြည် (တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးအောင်ထွန်းနှင့် ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိုင်းစံဝင်း တို့သည် မိုးနဲမြို့ နယ်ကျိုင်းတောင်းမြို့ရှိ ရပ်မိ/ရပ်ဖ၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းကို ကျိုင်းတောင်းမြို့ ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းတွင် ယမန်နေ့ နံနက် ၁၁ နာရီ က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည် (တောင်ပိုင်း) ပြည်ခိုင်ဖြိုး ပါတီတာဝန်ခံ ဦးအောင်ထွန်းက ပါတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်း (တောင်) ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံ ဦးအောင်ထွန်း၊ ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးစိုင်းစံဝင်း၊ လင်းခေးခရိုင် ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မိုးနဲမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းကျော်၊ ကျိုင်းတောင်းမြို့ ရပ်မိ/ရပ်ဖများနှင့် ပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)