တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင် ပါတီပုံမှန်အစည်းအဝေးပွဲ တက်ရောက်

 

ထားဝယ် ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လစဉ်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေး၌ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးနေမျိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်ကျော်၊ ဒေါ်မြမြစိမ်း၊ ဦးမင်းဇော်၊ တိုင်းေ ဒသကြီးပါတီ အရန်ပါတီကော်မတီဝင် ဦးကျော်ဝင်းတို့က ကဏ္ဍအလိုက် အသီးသီး တင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။