ရေကြည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခန်းမတွင် နိုင်ငံရေးစကားဝိုင်း ဆွေးနွေးခြင်းနှင့် တွေ့ဆုံပွဲပြုလုပ်

 

ရေကြည် မေ ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံရေးစကားဝိုင်း ဆွေးနွေးခြင်းနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက အဖွင့်အမှာစကား ပြောကြားပြီး တစ်ဦးချင်း မိတ်ဆက်ပေးကာ နိုင်ငံရေးစကား ဝိုင်းပြုလုပ်ရခြင်း အကြောင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက နိုင်ငံရေး စကားဝိုင်း ဆွေးနွေးတွေ့ဆုံပွဲတွင် အမျိုးသားအကျိုးစီးပွားအကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် အသုတ်မြို့ မြို့မိမြို့ဖ ဦးဇော်ဆိုင်းက အမျိုးဘာသာသာသနာနှင့် တိုင်းရင်းသား ၁၃၅ မျိုးနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် အသုတ်မြို့မိမြို့ဖ ဦးမြင့်သိန်း၊ ရေကြည်မြို့မိမြို့ဖ ဦးသောင်းမြင့်၊ ငါးသိုင်းချောင်း မြို့မိမြို့ဖ ဦးတင်မြင့်တို့က အသီးသီးပြန်လည်ဆွေး နွေးကြသည်။နိုင်ငံရေး စကားဝိုင်းဆွေးနွေးတွေ့ဆုံပွဲကို တိုင်းဒေသကြီး ကျောင်းကုန်းမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်း၊ တိုင်းဒေသကြီး ကန်ကြီးထောင့်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၊ ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ ကျုံပျော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်တို့ တက်ရောက်ကြသည်။

နိုင်ငံရေး စကားဝိုင်းတွေ့ဆုံပွဲကို ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့၊ အသုတ်မြို့ မြို့မိမြို့ဖများ၊ ဒေသအသီးသီးမှ ဆွေးနွေး နားထောင်သူ ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စောမူက ဥပဒေပြုရေးအကြောင်းနှင့် ပြည်သူကောင်းမှ အစိုးရကောင်း၊ အစိုးရကောင်းမှ ပြည်သူကောင်း တင်ပြေ ဆွးနွေးပြီး ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်ကလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)