ကောလင်းတွင် မြို့မမြို့ကုန်းရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

06 January 2019

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့ မြို့မမြို့ကုန်းသုဝဏ္ဏရပ်နေ ဦးကျော်လွင်ဦး နေအိမ်တွင် ယနေ့ နံနက် ၁၁နာရီက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲကို ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီ အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ သတင်း မီဒီယာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃ဝ တက်ရောက်ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း)